Aug 18, 2019
Main menu

အမြင်၊အာဘော်

မိုးရောက်ပေမယ့် မပျောက်နိုင်သေးတဲ့ အပူရှိန်

ဂျွန် - ၈။ ။ တစ်နွေကုန် တစ်မိုးရောက်လို့ မိုးစက်မိုးပေါက်တွေသွန်းချ၊ ၀ါဆိုလတောင်မှတကြော့ရောက်ခဲ့ပြန်ပြီ။ မိုးကာလဆိုပေမယ့် နွေအပူရှိန်ကတော့ သူ့တပ်ကိုပြန်ရုပ်သိမ်းချင်းပုံမပေါ်။ မိုးသက်လေ၊ မိုးစက်ရေတွေကလည်း သူ့တပ် ကိုဖြန့်ကျင်းပြီး အပူရှိန်ကို မောင်းနှင်ပစ်ဖို့ ကြိုးစားနေပေမယ့် အင်အားချင်းမျှဟန်မတူ။ အေးစိမ့်စိမ့်ဖြစ်လည်းခဏသာ။ သွားလာလှုပ်ရားနေကြသူတွေမှာ ချွေးစီးချွေးပေါက် တွေကိုသုတ်ရင်း အပူဒဏ်ကိုမသက်မသာခံစားနေရတာပါပဲ။ အော်--အပူ၊အပူ။ ရာသီကြောင့်ဖြစ်တဲ့အပူ၊ ပြင်ပအပူ။ တကယ်တော့ ပြင်ပအပူအပြင် လူမသိသူမသိရင်တွင်းအပူတွေလည်း ဒီရာသီကာလမှာ ခံစားတက်ကြပြန်တယ်။

 

Read more...

ကျွန်တော်နဲ့ -- မနိုင်ဝန်ထမ်းနေရရှာတဲ့ ဆေးရုံ

သူ့ပုံက ခြေပစ်လက်ပစ်။ အခန်းထဲဝင်လာပြီး လွတ်နေတဲ့ခုံမှာထိုင်ရင်း--“ ဆရာရယ်--စောစောကပဲ အ၀င်ဝ အဆောင်ကနေ ခဏလေးနဲ့ပြန်တယ်”လို့ အရင်းမရှိ၊အဖျားမရှိ ညည်းတွားလိုက်တယ်။ သူ့ကို ကြည့်ရင်း ပြုံးလိုက်မိရဲ့။ မစာနာလို့တော့ မဟုတ်ပါ။

အောက်ခြေရဲ့ ဒုက္ခ သူ့နာမည်က ကိုခင် ။တကယ်တော့ သူ့နာမည်ရင်းမဟုတ်။ ခင်စရာကောင်းလို့ ကိုခင် လို့ပဲ အလွယ် ခေါ်လိုက်တာပါ။ သူက ရန်ကုန်ဆေးရုံကြီး ward 1+2 ရဲ့ အထွေထွေလုပ်သား၊ အောက်ခြေအဆင့်က ၀န်ထမ်းတစ်ယောက်။ ကိုယ်က word-2 ရဲ့ လူနာ။ ဆေးရုံတက်တာ တစ်ပါတ်သာသာဆိုတော့ ဆရာဝန်တွေ သူနာပြုတွေ ၀န်ထမ်းတွေကို အတန်အသင့် မျက်မှန်းတန်းမိနေသလို တစ်ချို့များဆို ရင်းနှိးစတောင်ပြုနေပြီ။ ကိုခင်ဆိုရင် လက်တိုလက်တောင်းခိုင်းရင်းက လူရင်းဖြစ်နေပြီတောင် ဆိုရမယ်။ သူကလည်း ကိုယ့်အခန်းဆို အထဲဝင်၊အပြင်ထွက်။ ပြီခဲ့တဲ့ သုံးရက်က သူ့ကိုမတွေ့။မနေ့မနက် ကတွေ့လို့ မေးကြည့်တော့ နေမကောင်းလို့ နားနေတာ လူကြီးလာမယ်ဆိုပြီး လာခေါ်တာနဲ့ နေမကောင်းတဲ့ကြားက အလုပ်လာဆင်းရတာ- တဲ့။ ဒီကနေ့ညနေမှာတော့ စိတ်ပျက်လက်ပျက်၊ လက်ပန်းကျနေတဲ့ပုံစံ။

Read more...

twitter youtube vimeo

We have 39 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅