Jun 25, 2019
Main menu

ဝတ္ထု၊ ကဗျာ

ကျိန်စာသင့်နေတဲ့ဘ၀ (ရွှေဝတ်မှုန်-ဒီဇင်ဘာ -၁၉၉၅)

“ကျွီ”

ကတ္တရာလမ်းမနှင့် ကားဘီးပွတ်သံကျယ်လောင်စွာထွက်ပေါ်ပြီးတဲ့နောက် ….. “တိုက်ကုန်ပြီဟေ့” “သေပြီထင်ပါရဲ့ကွာ ……” “အဲဒီနေရာကပွဲချင်းပြီးတာများတယ်။ ” တစ်ယောက်တစ်ပေါက်ထင်ကြေးပေးရင်း …လမ်းပေါ်မှာ လူတွေဝိုင်းအုံလာကြပြီ။ “လူဘာမှမဖြစ်လို့တော်သေးတယ်။” “သီသီလေးလွတ်သွားတာဝမ်းသာစရာပဲ။”

Read more...

ပထမနေရာ (ရွှေဝတ်မှုန်-စက်တင်ဘာ-၁၉၉၅)

မေမေကရုံးသမားမို့ ကျွန်မကျောင်းတက်တိုင်းလိုက်မပို့နိုင်ပါဘူး။ ခင်မတို့မေမေကကျတော့ သူ့သမီးလေးကိုလိုက်ပို့ လိုက်ကြိုနဲ့ အားကျစရာ။ပြီးတော့ခင်မမေမေနဲ့ ကျွန်မတို့ အတန်းပိုင်ဆရာမနဲ့ကလည်းရင်းနှီးပုံပါပဲ။ မုန့်စားကျောင်းဆင်းချိန်မှာတောင် ကျောင်းဝင်းအပြင်ကနေခင်မကိုမုန့်ကျွေးတာ ……..။ခင်မကလည်း သူ့အမေကိုသိပ် အားကိုးပုံလည်းရတယ်။ ကျောင်းမှာရေစစ်ဖိုး၊တံမျက်စီးဖိုးဆိုလည်းခင်မမေမေကသတ်မှတ်တာထက် ပိုထည့် သွားတာချည်ပါပဲ။

Read more...

ဆွေမျိုးမဟုတ်တဲ့ ရွှေမျိုး (မြန်မာ့ရှပ်ရှင်-နိုဝင်ဘာ-၁၉၉၅)

ညီညီမှာ (၁၀)တန်းအောင်သော်လည်း တက္ကသိုလ်ဆက်မတက်နိုင်ခဲ့ပေ။အဝေးသင်တက်ရင် အလုပ်စာမေးပွဲအများကို ကြိုးစားဖြေဆိုခဲ့သော်လည်း“ စကာတင် ”အဆင့်နှင့်သာ ပြုတ်ကျန်ခဲ့ရမြဲပင်။ မမျှော်လင့်ဘဲအဖေညီရဲ့………..ဋ္ဌာနမှာအလုပ်တစ်နေရာလစ်လပ် မည်ကြားသဖြင့် ဦးလေးထံသို့ အလုပ်ရဖို့သွားပြောဖြစ်သည်။

Read more...

သနားစရာ (ပန်းဝေသီ-မေလ-၁၉၉၅)

“မခင်စိန်တို့များချွေးမကဆိုးဆိုးနဲ့ အသက်ကြီးမှဒုက္ခရောက်ရရှာတယ်။သားတစ်ယောက်ရှိတာလည်းအလိုက်မသိတဲ့သားဆိုတော့ သနားစရာ……” “ဈေးဝယ်ပြီးအေးအေးမပြန်ဘူးသူ့သမီးနဲ့ ဆုပေးပွဲကိုလိုက်ရမှာမို့ အင်္ကျီံပွနေတာသီမလို့ ဆိုပြီးကြွားသွားသေးတယ်..သနားစရာ….”

Read more...

အမြင်တူအသွင်ကွဲ (သပြေ-မတ်-၁၉၉၅)

ကျွန်တော်ကူရောင်းရသည့် ဆိုင်လေးမှာပျံကျခင်းရောင်းရသည့် သံတိုသံစဆိုင်လေးပင်ဖြစ်သည်။ယခင်ကဆိုင်ခန်းကြီးများနှင့် ရောင်းခဲ့သောနေရာဖြစ်သဖြင့် အရောင်းတွင်ကျယ်မှု ရှိသလိုလမ်းဆုံကျသဖြင့် လူလည်းစည်ကားလှသည်။

Read more...

ပီတိအပြုံး (ရှပ်ရှင်မျက်မှန်-မေလ-၁၉၉၂)

ကျွန်မရုံးကအပြန် မေမေအိမ်ကိုလှည့် ၀င်ခဲ့သည်။ အိမ်ပေါက်ဝသို့အရောက် ထမင်းစားရန်ပြင်ဆင်နေသောမေမေက…………. “သမီးလာတာနဲ့အတော်ပဲ သမီးကြိုက်တဲ့ဝက်သားဟင်းချက်ထားတယ်။တစ်ခါတည်း ၀င်စားသွားသမီး အိမ်မှာချက်မစားဖြစ်သည်မှာ ကြာခဲ့သောဟင်း ……ကျွန်မအလွန်ကြိုက်သောဟင်း…… .ကျွန်မအားရပါးရစားပစ်လိုက်သည်။ ထမင်းဝခါနီးမှ အသံတိတ်နေသည့် မေမေကိုမော့ကြည့်မိသည်။ ကျွန်မရောက်ခင်ကတည်းကထမင်းစားရန်ပြင်နေသောမေမေသည်ထမင်းတစ်လုပ်မှ မစားသေးဘဲ ကျွန်မကိုရွှန်းလဲ့သောအပြုံးဖြင့် ကြည့်နေလေသည်။

Read more...

twitter youtube vimeo

We have 41 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅