Feb 16, 2019
Main menu

အခြား

ပြည်သူ၏ တင်ပြချက်များ ဖြေရှင်းဆောင်ရွက်ပေးရန် သမ္မတရုံးဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်

ပြည်သူ၏ တင်ပြချက်များ  ဖြေရှင်းဆောင်ရွက်ပေးရန် သမ္မတရုံးဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်

ပြည်သူလူထု၏တင်ပြချက်များကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ Websiteဖြစ်သည့် www.president-office.gov.mm အား မိုဘိုင်းဖုန်း(သို့)ကွန်ပျူတာဖြင့်ဖွင့်လှစ်ကာ နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကိုနှိပ်၍ ပေးစာကဏ္ဍအတွက် ဖြည့်သွင်းရမည့်အချက်အလက်များ Box တွင်အမည် ၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ် ၊စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ(တွဲရန်ရှိလျှင်)စသည့် အချက်များကိုပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်သည်။
ယင်းနေရာတွင် ဖြည့်သွင်းသော မိုဘိုင်းဖုန်းသို့ SMS Code ပြန်လည်ပေးပို့မည်ဖြစ်ရာ နောက်တစ်ဆင့်တွင် ပေးပို့လာသော Code နံပါတ်အား ဖြည့်သွင်းရမည်ဖြစ်ရာ မိုဘိုင်းဖုန်းနံပါတ် မှားယွင်းဖြည့်သွင်းထားပါက ပေးပို့သော SMS Code ရရှိမည်မဟုတ်ပေ။
အဆိုပါမိုဘိုင်းလ်ဖုန်းသို့ဝင်ရောက်လာသော Codeနံပါတ်ကို ဖြည့်စွက်ကာ ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး လုပ်ဆောင်ချက်အားလုံးမှန်ကန်ပါက တင်ပြစာပေးပို့မှုအဆင့်များ ပြီးစီးသွားမည်ဖြစ်ကြောင်းသိရသည်။ထိုသို့ တင်ပြပေးပို့မှု့အဆင့်များ ပြီးစီးမှသာ၊  နိုင်ငံတော်သမ္မတရုံးက  ဆောင်ရွက်ရမည့်အပိုင်းကို  လုပ်ကိုင်သွားမည်ဟုဆိုသည်။
ဖုန်းနံပါတ်နေရာတွင် SMS ပြန်လည်ပေးပို့မည်ဖြစ်သဖြင့် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းကို ဖြည့်စွက်ရမည်ဖြစ်ကြောင်းသိရသည်။ 

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 34 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅