Jun 25, 2019
Main menu

အခြား

KIAကဖမ်းဆီးခေါ်သွားသည့် သစ်လုပ်ငန်းရှင်တစ်ဦးကို ရိုက်ပုတ်ငြင်းဆဲခံရသည်ဟု လူမှု့ကွန်ယက်တွင် ပျံနှံ့သတင်းမမှန်ကြောင်း မိသားစုများက ငြင်းဆို

KIAကဖမ်းဆီးခေါ်သွားသည့် သစ်လုပ်ငန်းရှင်တစ်ဦးကို  ရိုက်ပုတ်ငြင်းဆဲခံရသည်ဟု လူမှု့ကွန်ယက်တွင် ပျံနှံ့သတင်းမမှန်ကြောင်း မိသားစုများက ငြင်းဆို

လူမှု့ကွန်ယက်တွင် ပျံနှံ့နေသည့် သစ်လုပ်ငန်းရှင်တစ်ဦးကို KIAကဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်ပုတ်ငြင်းဆဲခံနေရသည်ဆိုသည့်  သတင်းမှာ မမှန်ကန်ကြောင်းသိရသည်။

ယင်းကိစ္စမှာ ၂၀၁၆ ခုနှစ် သြဂုတ်၉-ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် အင်းတော်ကြီးဒေသ၊ မိုင်နောင်ကျေးရွာမှ ကိုသန်းဝင်း (မှတ်ပုံတင်အမှတ် ၁/မညန(နိုင်) ၀၉၈၄၂၁ အဘ ဦးအံကြီး၏သား) အား KIA တပ်ရင်း ၂၆.မှတပ်သားတစ်ဦးက လာရောက်ခေါ်ဆောင်ပြီး ၊ KIA အင်းတော်ကြီးဒေသ စီးပွားရေးတာဝန်ခံ ဦးလလုံးထံအပ်နှံပြီး KIA တပ်ရင်း ၂၆ နုန့်မတဲရွှေမှော်တွင် အချုပ်သားအဖြစ်ထားရှိထားသော်လည်း ရိုက်နှက်ခြင်းနှင့် ညှင်းပမ်းခြင်းမရှိကြောင်း  ကိုသန်းဝင်း၏ ဇနီး ဒေါ်မနီက  အတည်ပြုပြောကြားသည်။

“လူမှု့ကွန်ယက် ဖေ့(စ်)ဘုတ်တစ်ခုမှာ ကိုသန်းဝင်း၏ အကြောင်းကို တင်ထားသည့်သတင်းတွေက မရေ-မရာ သတင်းတွေဖြစ်ပါ။ ကိုသန်းဝင်းက မိုင်နောင်ကျေးရွာမှာနေထိုင်ပြီး သစ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတစ်ဦးလို့ ကျွန်တော်သိထားပါတယ်။  KIAနဲ့ နားလည်မှုယူပြီး သစ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးပါ။   အခုဖြစ်တာက KIAရဲ့ ဘေးမဲ့သတ်မှတ်သစ်တောကို ကျူးကျော်ထုတ်လုပ်တဲ့ အတွက် စစ်ဆေးဖို့ နုန့်မတဲရွှေမှော်ရဲ့ အနောက်တောင်ဘက်   KIA တပ်ရင်း ၂၆ မှာ  အချုပ်သားအဖြစ်ထားဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရပါတယ်။” ဟုမိုင်နောင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့်  ဦးကျော်မောင်က အတည်ပြု ပြောပြသည်။

သစ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူ ကိုသန်းဝင်းအား ပြန်လည်လွှတ်ပေးရန် ကျေးရွာရပ်မိရပ်ဖ၂ဦးအာမခံပေးရမည်ဟုဆိုသည်။

အဆိုပါကိစ္စမှာ KIA နှင့် သစ်လုပ်ငန်းရှင် ဦးသန်းဝင်းတို့၏ စီးပွားရေးလုပ်ငန်းအဆင်မပြေမှုသာဖြစ်ပြီး ဒေသခံတိုင်းရင်းသား ရှမ်းနီများနှင့် ကချင်လူမျိုးတို့ လူမျိုးဘာသာအငြင်းပွားမှုပဋိပက္ခမဟုတ်ကြောင်း    ဒေသခံများက ထပ်လောင်းပြောကြားသည်။

Rate this item
(2 votes)
back to top

twitter youtube vimeo

We have 28 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅