Apr 18, 2019
Main menu

ကုမ္ပဏီနှင့် ထုတ်ကုန်သစ်

FAME ဆေးဝါးထုတ်လုပ်ရေးစက်ရုံ

FAME ဆေးဝါးထုတ်လုပ်ရေးစက်ရုံ

FAME ဆေးဝါးစက်ရုံအနေဖြင့် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (USFDA) မှ အသိအမှတ်ပြုလက်မှတ်၊ အာဆီယံအသိအမှတ်ပြုလက်မှတ်များနှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များစွာကိုရရှိထားသည့် စွမ်းဆောင်ရည်အကောင်းဆုံး စက်ရုံတစ်ခုအဖြစ် အယ်ဒီတာအဖွဲ့မှ ရွေးချယ်ဖေါ်ပြခြင်းဖြစ်သည်။ (အယ်ဒီတာအဖွဲ့)

- FAME Pharmaceuticals ကို ၁၉၉၄ ခုနှစ်တွင် အမှတ် (၂၀)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ လှိုင်သာယာစက်မှုဇုန် (၃)၊ ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့သည်။

- မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်၊ ဒါရိုက်တာ ဒေါက်တာခင်ခင်ဌေးတို့က ဦးဆောင်ကာ ၀န်ထမ်းအင်အား (၃၅၉) ဦးတို့ဖြင့် လုပ်ကိုင်လျက်ရှိသည်။

- စက်ရုံမှ ဆေးဝါးအမျိုးအစားပေါင်း (၈၆) မျိုးကို ထုတ်လုပ်လျက်ရှိသည်။ ထုတ်လုပ်သည့် ဆေးဝါး များကို ပြည်တွင်းဈေးကွက်နှင့် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကူဝိတ်၊ ဂျပန်၊ ကိုရီးယား၊ ဘူဂေးရီးယား၊ ဗီယက်နမ်နှင့် တူရကီ စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ - FAME Pharmaceuticals ဆေးဝါးလုပ်ငန်းကို ကောင်းမွန်သောဆေးဝါးထုတ်လုပ်မှုကျင့်စဉ် Good Manufacturing Practice (GMP) အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။ အရည်အသွေးပြည့်မီသောစီမံခန့်ခွဲမှုစနစ် Quality Management System (ISO 9001:2000) အသိအမှတ်ပြုလက်မှတ်ကို ၂၀၀၂ ခုနှစ်တွင်ရရှိခဲ့ပြီး ISO 9001:2008 Update Version ကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ISO 9001:2015 Latest Version ကို အချိန်တိုအတွင်း ရရှိခဲ့ပါသည်။

- ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောက်ရှောက်မှုစီမံခန့်ခွဲမှုစနစ် Environmental Management System (ISO 14001:2004) အသိအမှတ်ပြုလက်မှတ် ၂၀၀၆ ခုနှစ်နှင့် ISO 14001:2015 Latest Version ကို ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် Occupational Health & Safety Assessment System (OHSAS 18001:2007) အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သည်။

- FAME ဆေးဝါးစက်ရုံအနေဖြင့် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (USFDA) မှ အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ရရှိခဲ့သည်။ - ၂၀၁၃ခုနှစ်မှစတင်ကာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းတွင် (၄၅) ဧကကျယ်ဝန်းသော Organic Farm ကို စတင်တည်ထောင်စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံအော်ဂဲနစ် စိုက်ပျိုးရေးအဖွဲ့ (MOAG)၊ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာအော်ဂဲနစ်အဖွဲ့ချုပ် (IFOAM) တို့က ပေးအပ်သော အသိအမှတ်ပြုလက်မှတ်များကို ရရှိခဲ့ပါသည်။

- ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) နှင့် သြစတေးလျနိုင်ငံ အော်ဂဲနစ်အသိအမှတ်ပြုဌာန (ACO) မှပေးအပ်သော အသိအမှတ်ပြုလက်မှတ်များကို FAME Organic Pharming Project အတွက်ရရှိအောင် ဆောင်ရွက်ခဲ့သည်။

- စွမ်းအင်ကိုအကျိုးရှိရှိအသုံးပြု၍ နိုင်ငံတကာအဆင့်မီဆေးဝါးများ ထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် အာဆီယံစွမ်းအင်ဆိုင်ရာဗပိာုဌာနက ပေးအပ်သော ASEAN Energy Award 2013 ပထမဆုကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် လက်ခံရရှိခဲ့ပါသည်။

- ၂၀၁၄ ခုနှစ်၊ မေလတွင် နိုင်ငံတော်သမ္မတက ပေးအပ်ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည်ထူးချွန်ဆု (အလတ်စားကုန်ထုတ်လုပ်မှုလုပ်ငန်း)ကို လက်ခံရရှိခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ပေးအပ်ချီးမြှင့်သော ASEAN Business Awards 2014 ဆုပေးပွဲ အခမ်းအနားတွင် ဆန်းသစ်တီထွင်ခြင်းကဏ္ဍအတွက် မြန်မာနိုင်ငံတွင် National Winner (ပထမဆု) နှင့် ASEAN (၁၀) နိုင်ငံတွင် Second Runner Up (တတိယဆု) များကို လက်ခံရရှိခဲ့ပါသည်။

- ၂၀၁၆ခုနှစ်၊ ဧပြီလတွင် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက် အဖွဲ့ (ASEAN-OSHNET) က ပေးအပ်ချီးမြှင့်သည့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးထူးခြားစွမ်းဆောင်ရည်ဆု (ASEAN-OSHNET Excellence Award) ကို ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့၌ လက်ခံရရှိခဲ့ပါသည်။ ယင်းနှစ် စက်တင်ဘာလတွင် အာဆီယံစီးပွားရေးဆိုင်ရာ အကြံပေးကောင်စီမှ Corporate Social Responsibilities (CSR) ကဏ္ဍအတွက် ပေးအပ်ချီးမြှင့်သည့် ASEAN Business Awards 2016;CLMV SME Excellence Award Winner ဆုကို လာအိုနိုင်ငံ၊ ဗီယမ်ချန်းမြို့၌ လက်ခံရရှိခဲ့သည်။ FAME Pharmaceuticals အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်ကာ UN Global Compact အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

အယ်ဒီတာအဖွဲ့

Rate this item
(4 votes)
back to top

twitter youtube vimeo

We have 28 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅