Apr 18, 2019
Main menu

အင်တာဗျူး

ပျက်ပြယ်သွားသည့် စီမံကိန်းကြီးများနောက်ဝယ် …သူတို့အမြင်

မြန်မာနိုင်ငံမှာ ငွေကြေးအမြောက်အများနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်း စီမံကိန်းကြီးလို၊ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကြီးတွေလို၊မြစ်ဆုံ စီမံကိန်းလုပ်ငန်းကြီးတွေ စသည်ဖြင့် ရှိခဲ့ပါတယ်။ လူမှုအသိုင်းအ၀ိုင်းတွေကနေ ဒီစီမံကိန်းလုပ်ငန်းဟာ ဆိုးကျိုးတွေ ဆင့်ပွားဖြစ်လာနိုင်တယ်။

အမှန်တကယ်ပဲ သဘာဝပတ်ဝန်းကျင်တွေထိခိုက်မှုတွေရှိလာမယ် စသည်ဖြင့် ၀ိုင်းဝန်းထောက်ပြကြလို့ ပျက်ပြယ်သွားရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီလို စီမံကိန်းကြီးတွေ ပျက်ပြယ်သွားရတာနဲ့ ပတ်သက်ပြီး သူတို့အမြင်ကဏ္ဍကို မေးမြန်းဖေါ်ပြလိုက်ပါတယ်။ 

Read more...

ပြည်တွင်းထုတ် လယ်ယာသုံး စက်ကိရိယာလုပ်ငန်းများ ပြိုလဲ၊ ရှင်သန်အောင် ကုစားပေးသင့်

မေလ ၂၄။ ။ ပြည်တွင်းလယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း အခြေအနေကို လေ့လာရန် မတ်လ နွေလယ် နေ့ခင်းတွင် လှိုင်သာယာ စက်မှုစက်ဇုံသို့ သွားရောက်ခဲ့သည်။ လှိုင်သာယာ ရှိ အရိပ်ကောင်းကောင်း အောက်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ထိုလုပ်ငန်းလုပ်ကိုင်သူ ဦးချစ်ရွှေ ကမျက်မှန်တ၀ံ့ဝံ့ဖြင့် စောင့်ဆိုင်းနေခဲ့ သည်။

မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တီထွင်ထုတ်လုပ်ခဲ့

နေလောင်ထားသည့် အသားအရေပိုင်ရှင် လယ်သမားသားသမီး တဦးဖြစ်သူ ဦးချစ်ရွှေသည် ၁၉၇၅ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တွင် လယ်ယာသုံးစက်ကိရိယာများ ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လယ်သမားများ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးတည့်စေရန် တီထွင်ကြံဆ ထုတ်လုပ်ပေးနေသူဖြစ်သည်။

ဦးချစ်ရွှေက ၎င်း ၏ လုပ်ငန်းများကို ရှင်းပြရာတွင် “ကျနော်က ဦးချစ်ရွှေ ပါ။ ရွှေမိသားစု အမည်နဲ့ စပါးချွေစက်နှင့် သမ္မာန်းမွှေစက်လုပ်ငန်း လုပ်ကိုင်ပါတယ်ဗျာ” ဟု အသားရောင် ညိုမှောင် ပြီး ကြံ့ခိုင်တောင့်တင်းသည့် ခန္ဓာကိုယ်ပိုင်ရှင် အသက် ၆၀ ကျော်အရွယ် ဦးချစ်ရွှေက မိတ်ဆက်သည်။

လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများထုတ်လုပ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံရှိသူ ဦးချစ်ရွှေက ၎င်းတို့၏ အသေးစားနှင့် အလတ်စား လုပ်ငန်းတခု ဖြစ်သည့် သံရည်ကျိုကာ စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများ လဲပြိုနေပြီဖြစ်ကြောင်း ၀မ်းနည်းစွာဖြင့် ရှင်းပြသည်။

Read more...

သင်ဖျာလုပ်ငန်းအကြောင်း တစေ့တစောင်း….

မတ်လ- ၁၀။ ။ ဖျာနဲ့ ပက်သက်ပြီး “ မရခင်ဖျာလိုလိပ်၊ ထိပ်မှာတင်။ ရပြန်တော့၊ဖျာလိုခင်း နင်းလို့ချေ။”လို့ သင်ဖျာကိုအကြောင်းပြုပြီး ပေါ်ပေါက်လာ တဲ့ မြန်မာစကားပုံတစ်ခုပါ။သင်ဖျာရက်လုပ်တဲ့ လုပ်ငန်းက ရှေးအလွန်ကျတဲ့ မြန်မာမှု၊မြန်မာရိုးရာလုပ်ငန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

သင်ဖျာဟာ မြန်မာ့ အသုံးအဆောင်ပစ္စည်းအဖြစ် မြန်မာတွေနဲ့အတူပေါ်ပေါက်လာတာပါ။တောအရပ်ဒေသတွေမှာ သင်ဖျာကို ထိုင်ဖို့အခင်းအဖြစ်သုံးကြသလို ၊ အိပ်ဖို့ အခင်းအဖြစ်လည်းသုံ့းကျပါတယ်။ အောက်အရပ်ဒေသတွေရဲ့ အလှူ၊မင်္ဂလာဆောင်၊ သာရေး၊ နာရေးတွေမှာလည်း ထိုင်စရာ အသုံးအဆောင်အနေနဲ့ အသုံးပြုကြပါတယ်။

Read more...

ကျယ်ပြန့်လာဦးမည့်Pre School ကျောင်းဈေးကွက်

မတ်လ-၇ ။ ။ လက်ရှိပညာရေးကိုစိတ်တိုင်းမကျတဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးအတွက် ကောင်းမွန်တဲ့ပညာရေးစနစ်ကိုပဲ သင်ယူတက်မြောက်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီထဲမှာမှ ငွေကြေးတက်နိုင်တဲ့ မိဘတွေကတော့ကိုယ့်အတိုင်းအတာနဲ့ကို ပြည်ပပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားမှုနည်းစနစ်တွေ။ သင်ရိုးညွှန်း တမ်း တွေကိုလေ့လာပြီး ရွေးချယ်ထားလာခဲ့ကြပါတယ်။

 

Read more...

မြန်မာ -အမေရိကန်ပူးပေါင်းပြီး မြန်မာ့စီးပွားရေး ပတ်ဝန်းကျင်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု အမေရိကန်-အာဆီယံ စီးပွားရေးဒါရိုက်တာ ပြောကြားလာ

မြန်မာ အစိုးရနှင့် အမေရိကန် အစိုးရတို့ ပူးပေါင်းကာ၊ မြန်မာ့စီးပွားရေး ပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု အမေရိကန်-အာဆီယံ စီးပွားရေးဒါရိုက်တာ Anthony Nelsonက ယူနတီဂျာနယ်သို့ ပြောကြားခဲ့သည်။

Read more...

စိုက်စရိတ်ချေးငွေ နှင့် ဈေးကွက် မရှာနိုင်လျှင် မြန်မာ့လယ်သမားများ နွံနစ်နေပေဦးမည်

လောလောဆယ်တော့ ယနေ့ လယ်သမားအခြေအနေသည် တနေရာနှင့် တနေရာ မတူညီသော် လည်း မိုးထဲရေထဲ လုပ်ကိုင်ရသူ လယ်သမားများအတွက် အကြွးအတင်နည်းနေကြသည်ကို တွေ့မြင်နေရသည်။

Read more...

twitter youtube vimeo

We have 26 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅