Apr 18, 2019
Main menu

သဘာဝပတ်ဝန်းကျင်

ဖျာပုံနှင့်ဘိုကလေးတွင် ဒီရေတော ဧက ၅၆၀၀-ကျော်စိုက်ပျိုးပြီးဖြစ်သည်ဟုဆို

ဖျာပုံနှင့်ဘိုကလေးတွင် ဒီရေတော ဧက ၅၆၀၀-ကျော်စိုက်ပျိုးပြီးဖြစ်သည်ဟုဆို

ဧရာဝတီတိုင်းဒေသကြီးရှိ  ဖျာပုံနှင့်ဘိုကလေးတွင် ဒီရေတော ဧက ၅၆၀၀-ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းကသိရသည်။

“ ဒီရေတောစိုက်ခင်းတွေကို ၂၀၁၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ  ဂျပန်နိုင်ငံအခြေစိုက် Actmang-အဖွဲ့အစည်းရဲ့ ရန်ပုံငွေနဲ့ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းကဆောင်ရွက်ခဲ့ရာမှာ ဖျာပုံနဲ့ ဘိုကလေးတွင် ဒီရေတော ၅၆၆၅- ဧကကို အကောင်အထည်ဖေါ်  စိုက်ပျိုးပြီးဖြစ်ပါတယ်။ ” ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(  FREDA)မှ အထွေထွေအတွင်းရေးမှူး  ဦးမြင့်အောင်က ပြောကြားသည်။

ယင်းအသင်း (  FREDA)အနေဖြင့် ဂျာမနီအခြေစိုက်   Georg  Kraus Stifung နှင့်ပူးပေါင်းကာ အပူပိုင်းဒေသအတွင်း ဆင်းရဲသောတောင်သူများ၏  ၀င်ငွေတိုးတက်ရေးအတွက် စိန်တလုံးသရက်များ စိုက်ပျိုးပေးခြင်း၊ လေးနှစ်သားလျော်ဖြူပင်မှ ဆေးကုလားမအစေးကို ၄နှစ်မှ နှစ်ပေါင်း၆၀-အထိ ထုတ်ယူနိုင်ရန်စီစဉ်များအတွက် ၂၀၁၆-ခုနှစ်အထိ ဧက၂၀၀-ကျော်စိုက်ပျိုးခဲ့ပြီးသည်။


အသင်းဥက္ကဌ ဦးသန်းနွယ်ကလည်း  “ကျွန်တော်တို့  သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(  FREDA)အနေနဲ့  ဂျာမနီအခြေစိုက်Diakonine Katastrrophehilfe  အဖွဲ့အစည်းရန်ပုံငွေဖြင့်  ဧရာဝတီတိုင်းဒေသထဲက ကျေးရွာအချို့မှာ  မုန်တိုင်ဒဏ်ခံ စာသင်ကျောင်းတွေ၊ ဆောက်လုပ်ပေးတာ၊ မိုးရေလှောင်ကန်တွေ ဆောက်လုပ်ပေးတာ၊ ကမ်းပါးပြိုထိန်း တာတမံတွေဆောက်လုပ်ပေးတာတွေ ဒေသခံတွေစားဝတ်နေရေး တိုးတက်မှု့ပေးနိုင်တဲ့ သင်တန်းတွေပို့ချတာတွေလည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။” ဟု ပြောကြားသည်။


အဆိုပါ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(  FREDA)မှာ ၁၉၉၅-တွင်သစ်တောပညာရှင်၊ ရုက္ခဗေဒပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ ဇိဝဗေဒပညာရှင်၊ တိမွေးကုပညာရှင်၊ရေအရင်းအမြစ် နှင့်ဘူမိဗေဒပညာရှင်၊ အင်ဂျင်နီယာပညာရှင်၊ သစ်လုပ်ငန်းရှင် စသည်ပုဂိုလ်များနှင့်ဖွဲ့စည်းထားပြီး အသင်းသား၆၇၇-ဦးဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 28 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅