Feb 16, 2019
Main menu

သဘာဝပတ်ဝန်းကျင်

အမျိုးသားသစ်တောကြိုးဝိုင်းရှိ ရေတံခွန်တွင် ထူးဆန်းစွာ ငါးများသေဆုံးနေ

အမျိုးသားသစ်တောကြိုးဝိုင်းရှိ ရေတံခွန်တွင် ထူးဆန်းစွာ ငါးများသေဆုံးနေ

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အမျိုးသားသစ်တောကြိုးဝိုင်းအတွင်းရှိ ခေါ်ချမော Khao Cha Mao ရေတံခွန်တစ်ဝိုက်တွင် မေ၁၅ရက်က ထူးဆန်းစွာ ငါးများသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့ခံများထံကသိရသည်။

 

အဆိုပါရေတံခွန်သည် ရာသီမရွေး မခန်းခြောက်ဘဲ အမြဲမပြတ်ရေစီးဆင်းနေသည့် နေရာဖြစ်ကြောင်း၊ အလွန်ပူပြင်းသည့်အချိန်များတွင် ထိုင်းလူမျိုးများ နယ်မြေအနှံ့က လာရောက်အပန်းဖြေကြသည့်အပြင် နိုင်ငံတကာခရီးသွားများလည်း လာရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုရက်ပိုင်းမှ စတင်၍ စမ်းချောင်းအတွင်း ရေများရှိနေလျက် ငါးမျိုးစုံသေဆုံးနေကြောင်း သိရသည်။

 

“ခေါ်ချမောရေတံခွန်မှာ ငါးအသေတွေကို သစ်တောဝန်ထမ်းတွေက ဆယ်ယူရှင်းလင်းနေပါ ပြီ။ စမ်းချောင်းတစ်လျှောက် ငါးသေတွေကြောင့်  အပုပ်နံ့တွေ တော်တော်ထွက်နေတာတွေ့ခဲ့တယ်။“ဟု ကော့သောင်းမြို့ခံ ဦးကျော်လင်းကပြောကြားသည်။

 

အဆိုပါ ခေါ်ချမောရေတံခွန်အတွင်း ငါးများသေဆုံးရခြင်းမှာ ရေထုအတွင်း အောက်စီဂျင် ပျက်လပ်မှုကြောင့် ဖြစ်နိုင်ချေရှိကြောင်း သစ်တောဝန်ထမ်းများကသုံးသပ်ကြောင်းသိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 35 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅