Apr 18, 2019
Main menu

ပညာရေး

၂၀၁၇ တက္ကသိုလ်ဝင်တန်းများအတွက် ကြေညာချက်ထုတ်ပြန်

၂၀၁၇ တက္ကသိုလ်ဝင်တန်းများအတွက် ကြေညာချက်ထုတ်ပြန်

၂၀၁၇-ခုနှစ်တွင် ကျင်းပမည့်  တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများအတွက်  ပညာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 ကြေညာချက်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာပုံစံများကို  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် ၂၀၁၆-ခုနှစ် စက်တင်ဘာလ ၁ရက်မှ စတင်ကာ သတ်မှတ်ထားသော နုန်းခထားဖြင့် ရောင်းချပေးမည်ဖြစ်သည်ဟုဆိုသည်။
စာမေးပွဲလျှောက်လွှာ တင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် ၁၊၅၊၆၊၇၊၈  များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်၎င်း၊ ဘာသာတွဲ အမှတ်စဉ် ၂၊၃၊၄ များဖြင့် ဖြေဆိုမည့် သူများအတွက်ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့်  ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်၂မျိုးခွဲခြားသတ်မှတ်ထားသည်ဟုဆိုသည်။


ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများဝယ်ယူပြီး၊ ၀င်ခွင့်လျှောက်လွှာ၏လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ၃၀-ရက်အအမီတင်သွင်းကြရမည်ဖြစ်သည်။


အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်  ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ၀ယ်ယူပြီး  လျှောက်လွှာ တစ်စောင်ချင်းစီတွင်ကပ်၍ စုပေါင်းပြီး၊  မြန်မာနိုင်ငံ စာစစ်ဌာနအဖွဲ့သို့ စက်တင်ဘာ ၃၀-ရက်အမီ တင်သွင်းရမည်ဖြစ်သည်။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်ရုံးအမှတ်(၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ဇွဲကပင်ဆောင်)၊နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊အမှတ်(၁၆၆)လသာလမ်း၊ ရန်ကုန်မြို့တို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 24 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅