Jun 25, 2019
Main menu

၂၀၁၄ ခုနှစ် အိမ်ခြံမြေဈေးကွက် အခြေအနေ အနှစ်ချုပ် သုံးသပ်ချက်

နှစ်ဆန်းပိုင်းအခြေအနေ

၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်သိန်း၄၀၀၀၊၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀၀ ကဏန်းတန်မြေကွက်များ ကြိုကြား အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူများထံက သိရသည်။

“နှစ်စပိုင်းကတည်းက ဈေးကွက်ကဟုတ်သလို၊မဟုတ်သလို၊ အရောင်းအ၀ယ်လိုက်သလို၊မလိုက်သလိုနဲ့ သိန်း၎-၅ထောင်နဲ့သိန်းသောင်းကဏန်းတန်တွေ ကြိုကြား ကြိုကြား လေးတွေအရောင်းအ၀ယ်ဖြစ်နေတယ်။ ဈေးကွက်ကြီးတစ်ခုလုံးက၂၀၁၁ခုနှစ်အရောင်းအ၀ယ် ကိုမမီသလို၊ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်း အရောင်းအ၀ယ်ဖြစ်ခဲ့တာကို လည်း မမီပါဘူး။”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း မှ ဒုတိယဥက္ကဌ ကပြောကြားသည်။

Read more...

ရန်ကုန်အိမ်ခြံမြေဈေးကွက် ပုံမှန်အနေအထားဖြင့် ခပ်အေးအေးသွားနေ

စက်တင်ဘာ-၁၃။ ။ ၂၀၁၄-ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ပုံမှန်အနေအထားဖြင့် ခပ်အေးအေးသွားနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“အိမ်ခြံဈေးကွက်ကြီး တစ်ခုလုံးအနေနဲ့ဆိုရင် ဈေးကွက်အေးနေပါတယ်။ဘာကြောင့်လဲဆိုရင် သြဂုတ်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ငွေကြေးခ၀ါချမဲ့ကိစ္စတွေ၊ အခွန်ဆိုင်ရာ စိစစ်ကောက်ခံမဲ့ကိစ္စတွေကို အသံနဲ့ လှန့်ထားခဲ့တာတွေကြောင့် ၀ယ်မဲ့သူတွေအနေနဲ့ ဗလုံးဗထွေးနဲ့ နဝေတိန်တောင် ဖြစ်ကြတဲ့သဘောပါ။ ကျပ်သိန်း၅၀၀၀နဲ့ အထက် မြေကွက်အရောင်းအ၀ယ်တွေ ၊ကျပ်သိန်းသောင်းဂဏန်းတန် မြေကွက် အရောင်းအ၀ယ်တွေ ရုတ်ချည်းအေးတဲ့အနေအထားရှိခဲ့ ပါတယ်။”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အကျိုးဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Read more...

ရန်ကုန်မြို့သစ်မြေကွက်များ အရောင်းအ၀ယ် ဆက်လက်အားကောင်းနေ

စက်တင်ဘာ ၉ ။ ။ ရန်ကုန်မြို့အနောက်ပိုင်းရှိ မြေဧက၃၀,၀၀၀ ကျော်တွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဟု မြို့တော်ဝန်က အသိပေး ကြေညာခဲ့သည့်နောက်ပိုင်း ရုတ်ချည်းအရှိန်အဟုန်ဖြင့် အရောင်းအ၀ယ်ဖြစ်နေသည့် ရန်ကုန်မြို့သစ် မြေကွက်များမှာ စက်တင်ဘာလဆန်းပိုင်းအထိ ဆက်လက်အားကောင်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“ သြဂုတ်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြို့တော်ဝန်က ရန်ကုန်မြို့အနောက်ပိုင်းမှာ မြို့သစ်စီမံကိန်း အကောင် အထည်ဖော်မယ်လို့ ပြောကြားပြီးတဲ့ နောက်ပိုင်းမှာကြည်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းက လယ်မြေတွေ၊ ရွာမြေတွေရဲ့ အရောင်းအ၀ယ်က သြဂုတ်လ စတ္ထုထပတ်လောက်ကစပြီး အခုအချိန်အထိကိုပဲ အရောင်းအ၀ယ်အားကောင်း နေပါသေးတယ်"ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးသန်းဦးက ပြောသည်။

Read more...

မအူပင်မြို့တွင်စက်မှုဇုန်များ တည်ထောင်ရန် လျာထား

သြဂုတ်-၁။ ။ ဧရာဝတီတိုင်းဒေသကြီး-မအူပင်မြို့တွင်စက်မှုဇုန်များ တည်ထောင်ရန် လျာထားမှုများရှိနေကြောင်း ဇူလိုင်၃၀-ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကသိရသည်။

 

“မအူပင်မြို့တွင်စက်မှုဇုန်များ တည်ထောင်ရန် လျာထားခြင်းများကြောင့်ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျိုက်လတ်မြို့တွင်းလမ်းနှင့် ဖျာပုံမြို့တွင်းလမ်းများသည် လက်ရှိအချိန်တွင်သွားလာမှုခက်ခဲနေသဖြင့် တစ်ဆက်တစ်စပ်တည်းပြုပြင်ရန် လိုအပ် လျက်ရှိကြောင်း။” ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်လွင် က ပြောကြားသည်။

Read more...

twitter youtube vimeo

We have 40 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅