Aug 18, 2019
Main menu

ထရန်စဖော်မာအလုံး ၅၄၀၀ ခန့်အား အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်ဖြင့် ၀ယ်ယူမည်

ထရန်စဖော်မာအလုံး ၅၄၀၀ ခန့်အား အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်ဖြင့် ၀ယ်ယူမည်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအတွက် ထရန်စဖော်မာအလုံး ၅၃၇၀အား အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကသိရသည်။

 

“ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း၄၀၀ထဲကနေ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃၁၀ရရှိထားပါတယ်။ အဲဒီငွေတွေနဲ့ မဟာဓာတ်အားစနစ်နဲ့ ၂မိုင်အတွင်းရှိတဲ့  ကျေးရွာတွေကို  ၅နှစ်အတွင်း လျှပ်စစ်မီးလင်းဖို့အတွက် ထရန်စဖော်မာအလုံး ၅၃၇၀-ကို  အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်ဖြင့် ၀ယ်ယူသွားမှာ ဖြစ်ပါတယ်။   ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကမ္ဘာ့ဘဏ်အနေဖြင့် အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့၌ လည်းကောင်း၊ အာဖရိကနိုင်ငံများ၌လည်းကောင်း၊ National Electrification Project များအတွက် ချေးငွေများပေး၍ အကောင်အထည်ဖော်ခဲ့သည်ဟုဆိုသည်။

 

“မြန်မာနိုင်ငံမှထရန်စဖော်မာ ထုတ်လုပ်သူတွေ အနေနဲ့  ပြည်ပနိုင်ငံတွေကိုလည်းတင်ပို့နေတာတွေ့ရပါတယ်။ပစ္စည်းအရည်အသွေးကောင်းမွန်မှုအတွက် စမ်းသပ်စစ်ဆေးတဲ့ Certificate တွေကို သက်ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု Lab ကနေ လက်မှတ် မရထားသေးပါဘူး။ အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်နဲ့ ခေါ်တဲ့ဟာမျိုးတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ  လိုအပ်ချက်တွေရှိနေနိုင်ပါတယ်။ ပစ္စည်းအရည်အသွေးနဲ့ ပတ်သက်ပြီး အာမခံချက်အတွက် စမ်းသပ်စစ်ဆေးတဲ့ Certificate တွေ ရထားရင်တော့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့  ၀ယ်မဲ့တင်ဒါတွေသာမက KFW, ADB, JICA, စတဲ့         အခြားနိုင်ငံတကာငွေကြေး အဖွဲ့အစည်းတွေက ၀ယ်မဲ့ တင်ဒါတွေမှာလည်း  အလွယ်တကူ  ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ “ ဟု လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက  ပြည်တွင်းထရန်စဖော်မာထုတ်လုပ်သူများကို   သုံးသပ်ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အကြီးစားလျှပ်စစ်ပစည်းထုတ်လုပ်မှု့အဖြစ်  ထုတ်လုပ်မှု့ကျတော့ ထရန်စဖော်မာအကြီးများ ထုတ်လုပ်လျှက်ရှိနေသည်။ လက်ရှိ စက်မှုဇုန်များနှင့်  လမ်းမီးဓာတ်တိုင်များတွင် အများဆုံးအသုံးပြုလျှက်ရှိနေသည်။

“ပြည်တွင်းထုတ် ထရန်စဖော်မာတွေ၊ မီးစက်တွေကတော့  နိုင်ငံခြားက တင်သွင်းလာတဲ့ ထရန်စဖော်မာ၊ မီးစက် တွေလို ယှဉ်ပြိုင်ပြီးထုတ်ရရင် တွက်ချေမကိုက်ဘူး။ အဲဒီအပြင် ပြည်ပက လာထုတ်တဲ့ ကုမ္ပဏီတွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး   ပြည်တွင်းကုမ္ပဏီတွေကျတော့  အခွန်ဆောင်ရတယ်။  ဒါပေမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေက အစိုးရပရောဂျက်တွေ၊ စီမံကိန်းတွေကို တင်သွင်းရတဲ့ အတွက် ရပ်တည်နိုင်တာပါ။“ ဟု  မြန်မာနိုင်ငံ စက်မှု့ကုန်ထုတ်လုပ်သူများအသင်း  ဥက္ကဌ ဒေါက်တာအောင်သိန်းက သုံးသပ်ပြောကြားသည်။

 

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 48 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅