Aug 18, 2019
Main menu

ကျေးရွာပေါင်း ၅၀၈၀ ကို ပထမအဆင့်မီးရရှိရေး နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဟုဆို

ကျေးရွာပေါင်း ၅၀၈၀ ကို  ပထမအဆင့်မီးရရှိရေး နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဟုဆို

တစ်နိုင်ငံလျှပ်စစ်မီးရရှိရေးအတွက် (၁၁) ကေဗွီ ဓာတ်အားလိုင်း၏ နှစ်မိုင်အတွင်းရှိ ကျေးရွာပေါင်း ၅၀၈၀ ကို ပထမအဆင့်မီးရရှိရေးအတွက်  နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားစီးမံရေးဦးစီးဌာန က သိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ငါးနှစ်စီမံကိန်းနှင့်ပတ်သက်၍ “တစ်နိုင်ငံလုံး မီးရရှိဖို့ဆိုရင် ကမ္ဘာ့ဘဏ်ချေးငွေတွေရော၊ တခြား DA ချေးငွေတွေနဲ့ ရော ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ မီးရဖို့ကျန်တဲ့ ၇ဒသမ ၂သန်း မီးရဖို့အတွက်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ---ဘီလီယံလောက်လိုတယ်။ ဒါတောင်မှ ကျွန်တော်တို့က ဖြန့်ဖြူးရေးအပိုင်းပဲ ရှိသေးတယ်။ တကယ့်ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှုအပိုင်းမှာထပ်ပြီးဖြည့်စွက်ဖို့ လိုသေးတယ်။ လျာထားတဲ့ ဘတ်ဂျက်ကတော့ အမေရိကန်ဒေါ်လာ သန်း ၆၇၀ လောက် လိုမယ်လို့မှန်းတယ်။ လက်ရှိကမ္ဘာ့ဘဏ်ချေးငွေနဲ့ မနှစ်က ၂၀၁၅ ခုနှစ်ထဲမှာ ကမ္ဘာ့ဘဏ် ချေးငွေနဲ့ အမေရိကန် ဒေါ်လာသန်း ၄၀၀ ရတယ်။ အဲ့ဒီငွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာသန်း ၃၁၀။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးက အမေရိကန်ဒေါ်လာ သန်း ၉၀ ဆိုပြီးခွဲခဲ့တယ်။ ပထမဦးဆုံးဈေးအသက်အသာဆုံးနဲ့ အလွယ်ကူဆုံးဆောင်ရွက်နိုင်ဖို့ကိစ္စသည် မဟာဓာတ်အားလိုင်းစနစ် ကနေပြီးတော့ နှစ်မိုင်အတွင်း ကျေးရွာတွေ၊ မီးပေးဖို့အတွက် ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်မယ်။ ငါးမိုင်အတွင်း ကျေးရွာတွေကို ဒုတိယ။ ငါးမိုင်က ၁၀မိုင်အတွင်းကို တတိယဦးစားပေးဆောင်ရွက်မယ်။ ၁၀မိုင်အထက်ကိုတော့ (၆၆) တို့ (၃၃) ကေဗွီတွေ ထပ်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်။” ဟု အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း မန်နေဂျာက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှု့မှာ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ၃ ဒသမ ၆၉ သန်းအထိသာရရှိထားပြီး၊  လျှပ်စစ်မီးရရန် ကျန်ရှိမှု့မှာ ၇ ဒသမ ၂ သန်းခန့်ရှိနေသည်။

 

“အရှေ့တောင်အာရှမှာဆိုရင် မြန်မာနိုင်ငံဟာ အခုလို မီးရရှိရေးလုပ်တဲ့နေရာမှာ နည်းနည်းလေးတော့ ၀င်လာတာနောက်ကျတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ မီးရရှိအောင် ဆောင်ရွက်မှုနဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရလဒ်သည် တော်တော့ကို အားပြင်ထန်တယ်။ ကျွန်တော်တို့ တိုးတက်မှုတွေ၊ ဘာတွေရသလဲဆိုရင် မနှစ်က မြန်မာနိုင်ငံမှာ မီးရရှိတာက လေးသိန်းလောက်ကို တက်လာတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီးလုပ်တယ်။ အဲ့ဒါတွေက ကျွန်တော်တို့အတွက် အားတက်ဖို့အတွက် တော်တော့်ကို ပြောင်းလဲတဲ့အရာတွေပေါ့။ ဒါပေမယ့် နောင် ၁၅ နှစ်မှာ လုပ်ရမယ့် အမျိုးသားအဆင့် ၂၀၃၀ မီးရရှိရေးဆိုတာက ဒီလိုမျိုးသန္ဒိဋ္ဌာန်ချမှု ရလဒ်တွေကြောင့် ကျွန်တော်တို့အနေနဲ့ကလည်း ပံ့ပိုးပေးဖို့အဆင်သင့်ရှိပါတယ်” ဟု ကမ္ဘာ့ဘဏ်မှ Energy Specialist Dr. Dejan Ostojic ကလည်းပြောခဲ့သည်။

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 43 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅