Feb 16, 2019
Main menu

စီးပွားရေး သတင်းများ

(၅၃)ကြိမ်မြောက် ကျော်မျက်ရတနာပြပွဲမှ ယူရို ၅၃၃ သန်းကျော် ရောင်းချခဲ့ရ

(၅၃)ကြိမ်မြောက် ကျော်မျက်ရတနာပြပွဲမှ  ယူရို ၅၃၃ သန်းကျော် ရောင်းချခဲ့ရ

၂၀၁၆-ခုနှစ် နှစ်လည်ပြပွဲအဖြစ်ပြုလုပ်ခဲ့သည့်  (၅၃)ကြိမ်မြောက် ကျော်မျက်ရတနာပြပွဲမှ  ယူရို ၅၃၃ သန်းကျော် ရောင်းချခဲ့ရကြောင်း  ကျောက်မျက်လုပ်ငန်းရှင်များထံက သိရသည်။ 


 ယခုနှစ်ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကုမ္ပဏီ ၈၁၃ ခုမှ ရတနာကုန်သည် ၁၈၆၆ ဦးနှင့် ဟောင်ကောင်ရှိ ကုမ္ပဏီ ၈၂ခုမှ ကုန်သည် ၁၅၁ ဦးအပါအ၀င် သြစတေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ပြည်ပနိုင်ငံများမှ ကုမ္ပဏီပေါင်း ၉၁၉ ခုမှ ကုန်သည် ၂၀၆၉ဦးတက်ရောက်ခဲ့သည်။     
   “  (၅၃)ကြိမ်မြောက် ကျော်မျက်ရတနာပြပွဲပြည်တွင်းကုန်သည် ၂၁၀၈ တက်ရောက်ခဲ့ပါတယ်။  ပြည်ပကုန်သည်  ၂၀၆၉-ဦးနဲ့ဆိုရင် စုစုပေါင်း ၄၁၇၇ ဦး တက်ရောက်ခဲ့ပါတယ်။  ”  ဟု      ကျောက်မျက် ပြပွဲဖြစ်မြောက်ရေး ဗဟိုကော်မတီ က တာဝန်ရှိသူတစ်ဦးကပြောကြားသည်။                              
ယခုနှစ်တွင်  ပြည်ပကုန်သည်  ၂၀၆၉-ဦးတက်ရောက်ခဲ့ပြီး ၊  ယခင်နှစ်က ပြည်ပကုန်သည် ၂၃၀၀ ခန့် တက်ရောက်ခဲ့သည်ဟုဆိုသည်။
(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၁၂၆တွဲအား ယူရိုငွေ ၅ဒသမ ၄၉သန်းဖြင့် ရောင်းချပေးချေခဲ့ပြီး ကျောက်စိမ်းအတွဲ ၅၈၄၃ တွဲအား ၉၃၈ ဒသမ ၅၈ သန်းဖြင့် ရောင်းချခဲ့သည့်အနက် ကျောင်းစိမ်းအတွဲ ၁၄၆၈တွဲမှာ လာရောက်မရွေးသဖြင့် ယူရို ၃၅၄ ဒသမ ၂၇ သန်းအား အရောင်းစာရင်းတွင် ငွေမချေသဖြင့် ဒီပိုဇစ် ၅ ရာခိုင်နှုန်းဖြစ်သည့် ( ၁၇ ဒသမ ၅၄)သန်းကိုသာ ဗဟိုကော်မတီက သိမ်းဆည်းနိုင်ခဲ့သည်။ ထိုသိမ်းဆည်းငွေ ယူရို ၁၇ ဒသမ ၅၄ သန်းမှ  ၁၀ရာခိုင်နှုန်းအား ဌာနမှ ဒဏ်ကြေးအဖြစ်ယူပြီး တစ်ရာခိုင်နှုန်းအား ဗဟိုကော်မတီ၏ ရန်ပုံငွေသို့ထည့်ဝင်၍ ကျန် ၈၉ရာခိုင်နှုန်းအား ကျောက်အတွဲပိုင်ရှင်များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
    “ငွေမချေတဲ့ ကျောက်မျက်ရတနာကုန်သည်တွေကို ဒီပိုစစ်ငွေ ငါးရာခိုင်နှုန်း သိမ်းဆည်းတဲ့အပြင် ပြပွဲသုံးနှစ်တက်ရောက်ခွင့် ပိတ်သိမ်းပါတယ်။”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးတင်ဝင်းက ပြောကြားသည်။
    ယခင် ပြီးခဲ့သည့် အကြိမ်ကရောင်းချခဲ့သည့် ကျောက်စိမ်းအတွဲ ၅၈၄၃ တွဲအနက် ၄၃၇၅တွဲကိုသာ ပေးချေခဲ့သဖြင့် ဒဏ်ကြေးငွေ အပါအ၀င် ယူရို ၅၈၉သန်းကျော်ဖိုးသာ  ငွေရရှိခဲ့ကြောင်း သိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 32 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅