Feb 16, 2019
Main menu

Food & Hotel 2016 Myanmar ရန်ကုန်မြို့တွင် သုံးရက်တိုင်ကျင်းပမည်

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဟိုတယ်လုပ်ငန်းဆိုင်ရာ ပြခန်းများ ပါဝင်ပြသမည့် တတိယအကြိမ်မြောက် Food Hotel 2016 Myanmar ကို ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ဇွန် ၁ ရက်မှ ၃ ရက်နေ့အထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

မိုးကာလအတွင်း ပုဂံဒေသ သို့ အာရှခရီိးသည်အ၀င်များဟုဆို

အောက်တိုဘာ-၂၄။ ။ ရှေးဟောင်းယာဉ်ကျေးမှု နယ်မြေ ပုဂံဒေသသို့ ယခုနှစ် မိုးရာသီအတွင်း အာရှဒေသမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်မှု ရှိခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။

"ဒီနှစ်မိုးရာသီမှာ ပုဂံဒေသကို ခရီးသွားဧည့်သည် အ၀င်က ပုံမှန်အနေအထားရှိနေပါတယ်။အုပ်စုလိုက်လာရောက်လည်ပတ်တာထက် တစ်ဦးချင်းဧည်သည်တွေ ပိုများလာပါတယ်။ အထူးသဖြင့် ထိုင်း၊ စင်ကာပူ၊ တရုတ်နဲ့ကိုရီးယား စတဲ့ အာရှဒေသက ခရီးသွားတွေ ပိုများလာတာတွေ့ရပါတယ်။ " ဟု မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောကြားသည်။

Read more...

ဟိုတယ်လုပ်ငန်းလိုင်စင်မရှိသူများအား တစ်လအချိန်ပေးဆောင်ရွက်စေပြီး လိုင်စင်မရှိက အရေးယူမည်

စက်တင်ဘာ ၁၆ ။ ။ ဟိုတယ်လုပ်ငန်းလိုင်စင်မရှိသူတွေအတွက် တစ်လတာ အချိန်ပေးဆောင်ရွက်ပြီးပါက အဖွဲ့ ဖွဲ့ကာ လုပ်ငန်းလိုင်စင်တွေရှိ၊မရှိ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ရက် မွန်းလွဲတစ်နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် Golden Country Hotel ၌ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက သိရသည်။

“ဟိုတယ်စတင်ဆောက်လုပ်ခွင့်လိုင်စင်တွေလျှောက်ထားဖို့ ဖြေလျှော့ပေးမှုတွေပေးနေပါတယ်။ မလိုအပ်တဲ့ထောက်ခံချက်တွေရယူရလို့ အချိန်ကြန့်ကြာမှုတွေရှိခဲ့ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဋ္ဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ ဟိုတယ်လုပ်ငန်းလိုင်စင်မရှိသူတွေအတွက် တစ်လအချိန်ပေးလုပ်ဆောင်ပြီးရင် အဖွဲ့ဖွဲ့ပြီး လုပ်ငန်းလိုင်စင်တွေရှိ၊မရှိ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၀န်ကြီး ဒေါက်တာမြင့်ကြူ က ပြောကြားသည်။

Read more...

မြန်မာ့လေကြောင်းလိုင်းမှ ပြည်ပခရီးသွား(၈၇)ရာခိုင်နှုန်းထိ ရှိလာ၊ လာမည့်နှစ်တွင် နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်

နိုင်င်ငံပိုင် မြန်မာ့လေကြောင်းမှ ပြည်ပခရီးသွား(၈၇)ရာခိုင်နှုန်းထိ ရှိလာကာ၊ လာမည့်၂၀၁၅-ခုနှစ်တွင် နိုင်ငံတကာခရီးစဉ်များ စတင်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာ့လေကြောင်းမှ ပြည်ပခရီးသွား(၈၇)ရာခိုင်နှုန်းထိ ရရှိနေပြီဖြစ်ပါတယ်။လာမဲ့ နှစ်ဆန်းပိုင်း ၊ ဇန်န၀ါရီနဲ့ဖေဖေါ်ဝါရီလောက်မှာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံတွေကို နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမှာ ဖြစ်ပါတယ်။ ပထမဆုံးစတင်နိုင်မဲ့ ပြည်ပလေကြောင်းလိုင်းကတော့ ဂျပန်နဲ့ တောင်ကိုရီးယားတွေကို ပြေးဆွဲဖို့ စီစဉ်နေပါတယ်။”ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောကြားသည်။

Read more...

ကြယ်ပွင့်အဆင့်သတ်မှတ်နိုင်မည့် ဟိုတယ်များပါဝင်သွားမည့် အင်းလေးဟိုတယ်ဇုန်တွင် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်မည်

ဇွန်-၁၇။ ။ကြယ်ပွင့်အဆင့်သတ်မှတ်နိုင် မည့် ဟိုတယ်များ ပါဝင်သွားမည့် အင်းလေးဟိုတယ်ဇုန် တွင် တည်ဆောက်ရေးလုပ်ငန်းများအား လာမည့် ပွင့်လင်းရာသီ အမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း( တောင်ကြီးဇုန်) မှ သိရသည်။

Read more...

၂၀၁၃-ခုနှစ်အတွင်း ခရီးသည် ၃.၅ သန်းကျော် ၀င်ရောက်မည်ဟု ခန့်မှန်း

၂၀၁၃ခုနှစ်အတွင်း ဇန်န၀ါရီလကုန်မှ ဒီဇင်ဘာ လကုန်အထိရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည်ဝင်ရောက်မှုမှာ ၃.၅သန်းကျော် ၀င်ရောက် မည်ဟု ခန့်မှန်းထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က သိရသည်။  

Read more...

ဝေးလံခေါင်သီတဲ့ နယ်ဖျားလေဆိပ်များပါ ဆင်းသက်နိုင်မည့် လေယာဉ်သစ်များရောက်ရှိမှု အထိမ်းအမှတ် ဖွင့်ပွဲလုပ်

ဝေးလံခေါင်သီသည့် နယ်စွန်နယ်ဖျား ရှိ လေဆိပ်များကို ဆင်းသက် နိုင်ရန်စီစဉ် ဆောင်ရွက် ပေးမည့် အမေရိကန် နိုင်ငံထုတ် လေယာဉ်သစ် ၂ စင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ ထပ်မံ ၀ယ်ယူ လိုက်ပြီ ဖြစ်ရာ လေယာဉ်သစ်များ ရောက်ရှိမှု အထိမ်းအမှတ် ဖွင့်ပွဲ ကို ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် လေဆိပ်မှာ ပြုလုပ်ခဲ့သည်။ 

Read more...

twitter youtube vimeo

We have 27 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅