Feb 16, 2019
Main menu

တောင်ကိုရီးယားဘဏ်ခွဲ ဖွင့်လှစ်မည်

တောင်ကိုရီးယားဘဏ်ခွဲ ဖွင့်လှစ်မည်

ကိုရီးယားနိုင်ငံအခြေစိုက် Shinhan Bank အား စက်တင်ဘာ၂၀ရက်မှစတင်ကာ  မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   သတင်းထုတ်ပြန်ချက် အရသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ၄၀ကျော်မှ ၂၀၁၄ အောက်တိုဘာတွင် နိုင်ငံခြားဘဏ်ကိုးခုနှင့် ၂၀၁၅ မတ် ၄ ရက်တွင် နိုင်ငံခြားဘဏ်လေးခု စုစုပေါင်းနိုင်ငံခြားဘဏ် ၁၃ခုအား တရားဝင်ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ချပေးခဲ့ပြီးဖြစ်ပြီး၊ ယင်း နိုင်ငံခြားဘဏ်များမှ ဘဏ်၁၁ခုမှပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ကိုရီးယားနိုင်ငံ Shinhan Bank အား ဖွင့်လှစ်ခွင့်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်ခွဲပေါင်း ၁၂ခုအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံခြားဘဏ်စိစစ်ရေးကော်မတီအနေဖြင့် အိန္ဒိယနိုင်ငံမှ State Bank of India နှင့် E.Sun Commercial Bank တို့အား ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရေးအတွက်စိစစ်လျက်ရှိပြီး မကြာမီလပိုင်းအတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 24 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅