Jun 25, 2019
Main menu

ယာဉ်စည်းကမ်း ချိုးဖောက်မှု့များကို ထိရောက်စွာ အရေးယူမည်

ယာဉ်စည်းကမ်း ချိုးဖောက်မှု့များကို ထိရောက်စွာ အရေးယူမည်

၂၀၁၆-ခုနှစ် စက်တင်ဘာ ၁-ရက်မှစတင်ပြီး ယာဉ်စည်းကမ်း ချိုးဖောက်မှု့များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းသိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း ချိုးဖောက်မှု့တွေကို ပညာပေးကာလသတ်မှတ်ပြီး ဆောင်ရွက်လျှက်ရှိနေပါတယ်။ ထိရောက်တဲ့  အရေးယူမှုကို စက်တင်ဘာ၁ရက်က စပြီးဆောင်ရွက်မှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု့ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ယာဉ်စည်းကမ်း ချိုးဖောက်မှု့များကို အရေးယူရာတွင်  လမ်းပြောင်းပြန်မောင်းခြင်း၊ စည်းကမ်းမဲ့မောင်းခြင်းများအပါအ၀င် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှု့များကို ထိရောက်စွာအရေးယူမည်ဟုဆိုသည်။

“ယာဉ်တွေအတွက် ၊ လူတွေအတွက် ပညာပေးကာလ တွေလုပ်ပြီး အရေးယူမှု့ လုပ်တဲ့အခါ ခေတ်အဆက်ဆက် အောင်မြင်အောင်လုပ်တာမျိုးမတွေ့ရပါဘူး။ သတ်မှတ်ကာလအတွင်း အလုပ်သဘော လုပ်တာမျိုးတွေကြောင့်မအောင်မြင်တာပါ။ နောက်တစ်ချက်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြင်ရင်ဖမ်းတယ်။ မမြင်ရင်မဖမ်းဘူး။ဒါလည်း မဖြစ်သင့်ပါဘူး။ ဒီကိစ္စသေချာ လုပ်တော့မယ်ဆိုရင် မီးပွိုင့်တွေ စနစ်တကျ ဖြစ်ဖို့လိုပါတယ်။ အလုပ်သဘော မီးပွိုင့်တွေ စနစ်တကျဖြစ်နေပါပြီ ပြောလို့မရပါဘူး။ စီစီတီဗွီတွေ စက်တွေနဲ့ စောင့်ကြည့်ဖမ်းသင့်ပါတယ်။  စဉ်ဆက်မပြတ်အရေးယူတာမျိုး လုပ်သင့်ပါတယ်။ စီမံချက်ကာလပြီးရင် ပြီးသွားတဲ့ကိစ္စတွေ ကြောင့် မအောင်မြင်တာတွေ့ရပါတယ်။”ဟု မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများလုပ်ကိုင်ခဲ့ဘူးသူ ဒေါ်အေးမမ ကပြောကြားသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 21 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅