Apr 18, 2019
Main menu

လစဉ်ပျှမ်းမျှယာဉ်အစီးရေ-၉၇၀၀ကျော် အကောက်ခွန်ကထုတ်ပေးခဲ

လစဉ်ပျှမ်းမျှယာဉ်အစီးရေ-၉၇၀၀ကျော်  အကောက်ခွန်ကထုတ်ပေးခဲ

လစဉ်ပျှမ်းမျှယာဉ်အစီးရေ-၉၇၀၀ကျော်ကို  အကောက်ခွန်ဌာနက လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးခဲ့ကြောင်းသိရသည်။


“အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်အစားထိုးစီမံချက်အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့တဲ့ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၅ရက်မှ ၂၀၁၆ခုနှစ်ဇူလိုင် ၂၄ရက်အထိ ၅၇လတာကာလအတွင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်အစီးရေမှာ ၅၅၇၆၈၉ စီးဖြစ်ပါတယ်။ လစဉ်ပျှမ်းမျှယာဉ်အစီးရေ-၉၇၀၀ကျော်ကို  အကောက်ခွန်ဌာနက လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံပြီးထုတ်ပေးခဲ့ပါတယ်။”   ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
နိုင်ငံတော်အတွက်အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် (CD)၇၉၁၅၅၃ဒသမ၂၅ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန်  (CT) ၆၇၀၉၈၃ ဒသမ ၆၇ကျပ်သန်းနှင့် အထူးကုန်စည်ခွန်  (SGT) ၁၄၆၀၃ ဒသမ ၅၀ကျပ်သန်း စုစုပေါင်း ၁၄၇၇၁၄၀ ဒသမ ၄၂ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။    

 “အဲဒီအကောက်ခွန် (CD) ကုန်သွယ်လုပ်ငန်းခွန်၊(CT) များနှင့် အထူးကုန်စည်ခွန်၊ (SGT) စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၁၃၉၂၇၄စီး၊ ကားအရောင်းပြခန်းများအတွက် ၁၂၅၆၇၁စီး၊ သင်္ဘောသားပါမစ်နဲ့  ၂၈၁၈စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်နဲ့ ၂၈၆စီး၊ ကုမ္ပ္ပဏီပါမစ်နဲ့  ၇၃၀စီး၊ ပြည်ပနေအလုပ်လုပ်ကိုင်သူများပါမစ်နဲ့  ၄၃စီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ပါမစ်နဲ့  ၁၉၉၇စီး၊ စစ်သံအမှုထမ်းပါမစ်နဲ့  ၁၀၈စီး၊ လွတ်လက်စွာဝယ်ယူသူပါမစ်နဲ့ ၂၈၆၇၆၂စီးတို့ တင်သွင်း  ခဲ့တာဖြစ်ပါတယ်။” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 31 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅