Aug 18, 2019
Main menu

ယာဉ်ကြောကျပ်တည်းမှုပြေလျော့စေရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ်ဖွဲ့စည်းလုပ်ကိုင်မည်

ယာဉ်ကြောကျပ်တည်းမှုပြေလျော့စေရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ်ဖွဲ့စည်းလုပ်ကိုင်မည်

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းမှုပြေလျော့စေရန်အတွက် တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ်ကိုထူထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


“ရန်ကုန်မြို့တော် ယာဉ်ကြောကျပ်တည်းမှုပြေလျော့စေဖို့  တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ်ကိုထူထောင်လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ “ ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းကပြောကြားသည်။                                                                                        
ယင်းသို့ တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ်ကိုထူထောင်ပြီး  မီးပွိုင့်များပြုပြင်ခြင်း၊ ဘတ်စ်ကားယာဉ်လိုင်းများ စနစ်တကျထူထောင်ခြင်းနှင့် အငှားယာဉ်များကိုလည်း မြို့တော်အငှားယာဉ် များအဖြစ် အသင်းအဖွဲ့များ ထူထောင်ကာ ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟုဆိုသည်။
“ယာဉ်ကြောကျပ်တဲ့ ပြဿနာဟာ  ရန်ကုန်မှာနေတဲ့ ပြည်သူတွေ အကုန်ခံစားနေရတဲ့ ပြဿနာပါ။တံတားတစ်ခုဆောက်တိုင်းလဲ ဒီတံတား ပြီးသွားရင်တော့ နည်းနည်းတော့ ပြေလည်လောက်ပါတယ်လို့ တွေးပြီး စိတ်ကိုဖြေရပါတယ်။ ဒါပေမဲ့ တံတားတွေသာတစ်ခုပြီး တစ်ခု ဖွင့်လိုက်တယ်။ ယာဉ်ကြောကျပ်တာက  ပြေလည်တာမတွေ့ရပါဘူး။ ယာဉ်ကြောကျပ်တဲ့ ပြဿနာက ရန်ကုန်နေပြည်သူကို စိတ်ဖိစီးမှု့ အများဆုံးဖြစ်နေရပါတယ်။ အခုရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောလာတာကြားတော့ ၀မ်းသာပါတယ်။ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု  အင်းစိန်မှ ရန်ကုန်မြို့ထဲသို့  နေ့စဉ်ရုံးတက်နေရသည့် ကုမ္ပဏီဝန်ထမ်း ဦးလှမျိုးက ပြောကြားသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 44 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅