Jun 25, 2019
Main menu

စက်မှုကုန်ချောပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာသန်း ၇၂၀ ကျော် ရရှိထား ဟု ဆို

၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက် မှ မေ ၃၀ ရက်အထိ စက်မှုကုန်ချောပစ္စည်းများ တင်ပို့မှုမှ ပို့ကုန် ၀င်ငွေ အများဆုံးရရှိခဲ့ပြီး အမရိကန်ဒေါ်လာ သန်း ၇၂၀ ကျော် ရရှိထားကြောင်းသိရသည်။

“ လက်ရှိဘဏ္ဍာနှစ်အတွင်း မှာ သဘာဝဓာတ်ငွေ့ ပါဝင်တဲ့ စက်မှုကုန်ချောပစ္စည်းများ တင်ပို့မှုမှဝင်ငွေ အများဆုံးရရှိ ထားပါတယ်။ ဧပြီ ၁ ရက် မှ မေ ၃၀ ရက်အထိ ၂လ အတွင်းမှာ ဒေါ်လာ သန်း ၇၂၀ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုပါဝင်သည့် စက်မှုကုန်ချောပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း စသည့်ကဏ္ဍများခွဲကာပင်လယ်ရေကြောင်း ကုန်သွယ်ရေး နှင့် နယ်စပ်ကုန်သွယ်ရေးစသည့် ကုန်သွယ်မှု လမ်းကြောင်းများမှတင်ပို့လျှက်ရှိသည်။

နယ်စပ်ကုန်သွယ်မှုအနေဖြင့် မြန်မာ-တရုတ် နယ်စယ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူး၊ ရိဒ်၊ ထန်တလန် စသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူသစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှု ယခင်နှစ်ထက် ကျဆင်းနေပြီး မေလကုန်အထိ ဒေါ်လာ ၁၀ သန်းကျော်သာ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

“ သစ်တောထွက်ပစ္စည်း တွေကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၉ ဒသမ ၅၃၅ သန်းနှဲ့ နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁ ဒသမ ၃၄၅ သန်း စုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၈၀ သန်း ရရှိထားပါတယ်။”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကေကေ(RNA)

Read more...

စစ်တွေဆိပ်ကမ်းစီမံကိန်း လာမည့်၂၀၁၄ ခုနှစ် ဇွန်လတွင် ပြီးစီးရန်မျှော်မှန်းထား

reflectionလွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော စစ်တွေဆိပ်ကမ်းစီမံကိန်းမှာ ယခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်မှန်းထားခဲ့သော်လည်း ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လုပ်ငန်းများ အနည်းငယ်နှောင့်နှေးကြန့်ကြာမှုရှိခဲ့ရာ လာမည့် ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြီးစီးရန်မျှော်မှန်းထားကြောင်း ဟိန္ဒူသတင်း တစ်ရပ်တွင် ဖော်ပြထားချက်အရ သိရသည်။ 

Read more...

twitter youtube vimeo

We have 55 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅