Jun 25, 2019
Main menu

၈-ခုမြောက်ထိုင်းမြန်မာနယ်စပ်ဂိတ်ဖွင့်ရန်စီစဉ်နေ

အောက်တိုဘာ-၃၁။ ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် ၈-ခုမြောက် ဖြစ်လာမည့်နယ်စပ်ဂိတ် တစ်ခုဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

“ထိုင်း-မြန်မာ နယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်ဖို့အတွက် နယ်စပ်ဂိတ် ၇-ခုကို ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ နယ်စပ်ဂိတ်အသစ် ဖွင့်လှစ်ဖို့အတွက်သက်ဆိုင်ရာပြည်နယ် အစိုးရ ရဲ့ ခွင့် ပြုချက်လဲ လိုပါတယ်။ သက်ဆိုင်တဲ့ ရှမ်းပြည်နယ် အစိုးရကလည်းသဘောတူတယ်လို့ သိရပါတယ်။ဒါကြောင့်နောက်ထပ် ဂိတ်ပေါက် တစ်ခုကိုထပ်တိုးဖွင့်ဖို့ စီစဉ်နေပါပြီ။”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

Read more...

ကုန်သွယ်မှု မြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဆက်လက်ဖွင့်လှစ်ရန်စီစဉ်

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးမြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရသည်။ 

Read more...

မောင်တောနယ်စပ်မှ ခုနစ်ရက်ဗီဇာဖြင့် နယ်စပ်ဖြတ်ကျော်သွားလာသူ ထက်ဝက်ခန့်လျော့ကျ

တဖက်နိုင်ငံတွင် မငြိမ်မသက်မှုများကြောင့် ဆက်တိုက်ဖြစ်ပွါးနေသည့်အတွက် မောင်နယ်စပ်မှ ခုနစ်ရက်ဗီဇာဖြင့် နယ်စပ်ဖြတ်ကျော်သွားလာသူမှာ ယခင်ထက် ထက်ဝက်ခန့်လျော့ကျနေပြီး ပို့ကုန်အများစုမှာလည်း ကုန်တွင်းပိုင်းသို့ မတင်ပို့နိုင်ဘဲ ဆိပ်ကမ်း၌သာ သောင်တင်နေကြောင်း မောင်တောနယ်စပ်ကုန်သည်များအသင်းမှ အမှုဆောင်တစ်ဦးက ပြောကြားသည်။ 

Read more...

ယခုနှစ် မောင်တောနယ်စပ် ၀ါးဈေးများ ယခင်နှစ်ထက် ထက်ဝက်ခန့်ကျနေ

လွန်ခဲ့သည့်နှစ်က ၀ါးအလုံးတစ်ရာလျှင် ငါးသောင်းကျပ်အထိ ဈေးတက်နေခဲ့သော မောင်တောနယ်စပ် ဈေးကွက်မှာ ယခုနှစ် တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန် ၀ါးအလုံးတစ်ရာကို ၂၅၀၀၀ ကျပ်၊ ၂၈၀၀၀ ကျပ်ဈေးသာ ရှိနေသဖြင့် ယခင်နှစ်ထက် ထက်ဝက်ခန့်ဈေးကျနေကြောင်း သိရသည်။ 

Read more...

ဝယ်လက်များနေသည့်အတွက် မောင်တောနယ်စပ် ကြက်သွန်နီဈေးများ ထိုးတက်လာ

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီများတင်ပို့နေရသည့် ယခုနှစ်တွင် မောင်တေနယ်စပ်မှ စီးပွါးရေးသမားများမှာ ကြက်သွန်နီကို ၀ယ်ယူမှုများနေသည့်အတွက် မောင်တောနယ်စပ် ကြက်သွန်နီ ဈေးကွက်တွင် တစ်ပိသာကို ၁၈၀၀ ကျပ်ထိ ဈေးထိုးတက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

Read more...

မြန်မာ-တရုတ်ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာသန်း၄၄၀ဖိုးခန့်စာချုပ် ချုပ်ဆိုနိုင်ခဲ့

၁၃ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင်စီမံကိန်းလုပ်ငန်းများနှင့် ထုတ်လုပ်တင်သွင်းခြင်းလုပ်ငန်းများအပါအ၀င် အမေရိကန်ဒေါ်လာ သန်း၄၄၀ဖိုးခန့် စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။  

Read more...

တဖက်နိုင်ငံတွင် သီးနှံရှားပါးမှုကြောင့် တစ်ပိုင်တစ်နိုင်များ ဟင်းသီးဟင်းရွက်သယ်ယူမှုကို ခွင့်မပြု

တဖက်နိုင်ငံတွင် ဖြစ်ပွါးနေသည့် နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ကားလမ်း၊ ရထားလမ်းများပိတ်ကာ အိန္ဒိယနိုင်ငံမှလည်း သီးနှံများတင်ပို့မှု ရပ်ဆိုင်းလိုက်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီးနှံရှားပါးမှုများဖြစ်ပေါ်နေပြီး မောင်တောနယ်စပ်မှ တစ်ပိုင်တစ်နိုင်ကုန်သွယ်သူများ သီးနှံသယ်ယူခြင်းကို ခွင့်မပြုမှုများရှိလာကြောင်း သတင်း ရရှိသည်။ 

Read more...

မိုးလွန်ကာလ စစ်တွေနယ်စပ်စခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ပို့ကုန်များတင်ပို့ရမှုအဆင်ပြေနေ

ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်တင်ပို့ရသည့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ နယ်စပ်ပို့ကန်ုများမှာ မိုးတွင်းကာလတွင်ဖြစ်ပေါ်တတ်သည့် ရာသီဥတုဆိုးဝါးမှု၊ လှိုင်းလေကြီးမှုများကြောင့် ပို့ကုန်တင်ပို့ရမှုနည်းနေခဲ့သော်လည်း မိုးလွန်ကာလ လှိုင်းလေငြိမ်ချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့နယ်စပ်ပို့ကုန်တင်ပို့ရမှုများ အဆင်ပြေနေကြောင်း ကုန်သွယ်သူ တစ်ဦးက ပြောကြားသည်။ 

Read more...

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ၀ါးများမောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းဒေသထွက် ၀ါးများ မယူမြစ်ကြောင်းတလျှောက် ဖောင်များဖြင့်သယ်ယူကာ ဘူးသီးတောင်သို့ ၀င်ရောက်နေပြီး ဘူးသီးတောင်မှတဆင့် မောင်တောနယ်စပ်သို့ ကားကြီးများဖြင့်သယ်ယူကာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖောင်ဖွဲ့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေရကြောင်း သိရသည်။ 

Read more...

ဘင်္ဂလားဒေ့ရှ်တာကာငွေဈေးများ တက်လာသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအဆင်ပြေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောတွင် တာကာငွေတန်ဖိုးများ တဖြည်းဖြည်း မြှင့်တက်လာသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအတွက် အဆင်ပြေနေကြောင်း ၀ါးတင်ပို့သူတစ်ဦးက ပြောကြားသည်။ 

Read more...

twitter youtube vimeo

We have 29 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅