Jun 25, 2019
Main menu

စိုက်ပျိုးရေး သတင်းများ

အစုအဖွဲ့ပိုင်လုပ်ကိုင်မည့်အင်းအား အချိန်မီလုပ်ကိုင်ခွင့်ပေးရန်ဒေသခံများလိုလား

အစုအဖွဲ့ပိုင်လုပ်ကိုင်မည့်အင်းအား အချိန်မီလုပ်ကိုင်ခွင့်ပေးရန်ဒေသခံများလိုလား

ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ရွှေရောင်ချ-ကျီးပင်ကျေးရွာအုပ်စုရှိ  ကျီးပင်အင်းအား အချိန်မီလုပ်ကိုင်ခွင့်ရရန် ဒေသခံများဖြစ်သည့် တောင်သူများနှင့် မြေယာမဲ့လုပ်သားငယ်များက လိုလားနေကြောင်းသိရသည်။

 

inn-photo-2

ကျီးပင်စုအင်း

“အစုအဖွဲ့ပိုင်လုပ်ကိုင်ဖို့လျှောက်ထားတဲ့   ကျီးပင်အင်းကိစ္စကို သက်ဆိုင်ရာကိုတင်ပြထားပေမဲ့  အခုချိန်အထိညှ်နိုင်းဖြေရှင်းပေးတာမရှိသေးပါဘူး။ အခုချိန်က အင်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ချိန်ပါ။ အချိန်မီလုပ်ကိုင်ခွင့်ပေးဖို့လိုပါတယ်။ ကျီးပင်အင်းကို လုပ်ကိုင်ခွင့်ရတာနဲ့ အခွန်ဆောင်နိုင်အောင်     ဒေသခံတွေက ငွေကြေးကြိုတင်စုဆောင်းထားရတာပါ။ တစ်ချို့ဆိုရင် အင်းအတွက် အတိုးကြီးတွေနဲ့ ကြိုပြီးချေးထားတာပါ။ “ဟု ကျီးပင်ကျေးရွာက ဒေသခံ ကိုဇော်ထူးကပြောကြားသည်။

အဆိုပါအင်းအား ဒေသခံများလုပ်ကိုင်ခွင့်ရရှိပါက တောင်သူများအတွက် ရေပို-ရေလိုပြဿနာ ပေါ်မလာနိုင်ဟုဆိုသည်။                                                                                                                     “ ကျီးပင်အင်းကို  လုပ်ကိုင်ခွင့်ရရင် ဒေသခံလယ်ယာမဲ့ ရေလုပ်သားတွေအတွက် လုပ်ငန်းခွင်ရရှိပြီး၊  ၀င်ငွေရကာ မိသားစုဘ၀ရပ်တည်လာနိုင်ပါမယ်။ “ လို့ တောင်သူအရေးဆောင်ရွက်နေသူ  ကိုသက်ထူးကပြောကြားသည်။

ထို့အပြင် တောင်သူများနှင့် ဒေသခံများ သွားလာရေးနှင့် လယ်ယာသုံးပစ္စည်းများသယ်ယူရန်အတွက်လည်း ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်းသိရသည်။

Rate this item
(2 votes)
back to top

twitter youtube vimeo

We have 32 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅