Aug 18, 2019
Main menu

နိုင်ငံရေး သတင်းများ

မြစ်ဆုံဆည်ကိစ္စပူးပေါင်းဖြေရှင်းရန် မြန်မာ-တရုတ် သဘောတူ

မြစ်ဆုံဆည်ကိစ္စပူးပေါင်းဖြေရှင်းရန် မြန်မာ-တရုတ် သဘောတူ

မြန်မာအစိုးရက ၂၀၁၁-ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံစီမံကိန်းအတွက် သင့်လျော်ကောင်းမွန်သည့် အဖြေတစ်ခုရှာဖွေရန် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ရရှိခဲ့ကြောင်းသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ဝန်ကြီးချုပ်တို့ သြဂုတ်၁၈-ရက်က တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီမှု့ကိုရရှိခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံလုံးက လိုလားတောင့်တနေသည့် ကောင်းမွန်သည့်အဖြေတစ်ခုရရှိရေးအတွက်  မြန်မာအစိုးရသစ်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲပစည်းထားပြီးပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း  တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားကြောင်း  တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖေါ်ပြထားကြောင်းသိရသည်။


မြန်မာနှင့်-တရုတ်နိုင်ငံတို့ ဖက်စပ်အကျိုးတူ လုပ်ကိုင်ခဲ့သည့် မြစ်ဆုံစီမံကိန်းကို  မြန်မာအစိုးရက ၂၀၁၁-ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 50 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅