Jun 25, 2019
Main menu

နိုင်ငံရေး သတင်းများ

အမည်မည်းစာရင်းမှ လူ ၆၀၀-ကျော်ကိုပယ်ဖျက်ပြီ

အမည်မည်းစာရင်းမှ လူ ၆၀၀-ကျော်ကိုပယ်ဖျက်ပြီ

ယခင်အစိုးရလက်ထက်က ရှိခဲ့သည့် အမည်မည်းစာရင်းတွင် ထည့်သွင်းခံရသည့်   လူ ၆၀၀-ကျော်ကို အမည်မည်းစာရင်း (Black List)  မှပယ်ဖျက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက သိရသည်။

“ အရင် အစိုးရလက်ထက်က ရှိခဲ့တဲ့ အမည်မည်းစာရင်း (Black List)  မှ မြန်မာနိုင်ငံသား ၂၄၈-ဦး၊ နိုင်ငံခြားသား ၃၇၁-ဦး၊ စုစုပေါင်း၆၁၉-ဦးကို  အမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။” ဟု အလုပ်သမား၊လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ  ပြည်ထောင်စုဝန်ကြီး  ဦးသိန်းဆွေက ပြောကြားသည်။အစိုးရသစ်လက်ထက် ရက်၁၀၀-စီမံချက်အနေဖြင့် ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းဟောင်းများအနက် နိုင်ငံရေးအရ အမည်ပျက်စာရင်း အသွင်းခံထားရသူများရှိပါက  ဌာနအလိုက်စာရင်းတင်ပြရန်ညွှန်ကြားထားပြီး၊ အမည်မည်းစာရင်းမှ ပယ်ဖျက်မှု့ကို  နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်၏ညွှန်ကြားချက်၊ခွင့်ပြုချက်အရသာ ပယ်ဖျက်ခဲ့သည်ဟုဆိုသည်။


“အမည်မည်းစာရင်းကို ထပ်မံပျက်ဖျက်ဖို့အတွက် စိစစ်လျှက်ရှိပါတယ်။ အမည်မည်းစာရင်းမှာ နိုင်ငံရေးအရ အစိုးရကို အကြည်အညိုပျက်အောင်လုပ်သူတွေ၊ စီးပွားရေးအရ  ပြည်တွင်း-ပြည်ပ အမည်ပျက်ရှိသူတွေ၊ စီးပွားရေးအရ အမည်ပျက်ရှိသူတွေ၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့မှ အလိုရှိသူတွေကိုတော့ အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလို့မရပါဘူး၊” ဟု ၀န်ကြီးက ဆက်လက်ပြောကြားသည်။


ထိုအပြင် မြန်မာနိုင်ငံသား ၁၈၅-ဦး၊ နိုင်ငံခြားသား ၁၃၆၆-ဦး၊ စုစုပေါင်း ၃၇၅၁-ဦးနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး-ပျက်စီးခြင်းနှင့် တရားဝင်နိုင်ငံကူးလက်မှတ်အဆင့်မှ ပယ်ဖျက်ထားသော နိုင်ငံကူးလက်မှတ် ၄၈၄၅-အုပ်တို့သာ အမည်မည်းစာရင်းရေးသွင်းထားရှိပြီး ၊ပယ်ဖျက်သင့်သူများအား ဥပဒေနှင့်အညီ ဆက်လက်ဖြေလျှော့ ပယ်ဖျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 34 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅