Jun 25, 2019
Main menu

နိုင်ငံရေး သတင်းများ

မသင်္ကာဖွယ်ယာဉ်တစ်စီးမှ လက်နက်ခဲယမ်းများနှင့်ငွေ၁၄-သိန်းဖမ်းဆီးရမိ

မသင်္ကာဖွယ်ယာဉ်တစ်စီးမှ လက်နက်ခဲယမ်းများနှင့်ငွေ၁၄-သိန်းဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး  ဘုရားကြီးမြို့နယ် ဘောနက်ကြီးကျေးရွာတိုးဂိတ်တွင်  ဇူလိုင်၉-ရက် ည၈နာရီခန့်က မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးမှ လက်နက်ခဲယမ်းများနှင့်ငွေကျပ်-၁၄-သိန်းကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းတိုးဂိတ်တွင်  ဘောနက်ကြီးအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများသည် ဘုရားကြီးဘက်မှ ဘောနက်ကြီးကျေးရွာဘက်သို့ မောင်းလာသော တိုရိုတာအဖြူရောင်ယာဉ်အား မသင်္ကာ၍ စစ်ဆေးရာမှ ယာဉ်မောင်းအမျိုးသားမှာ ယာဉ်နှင့်ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း ၊ လိုင်စင်ရှိကြောင်းအထောက်အထားမပြနိုင်သဖြင့် ယာဉ်အားဆက်လက်စစ်ဆေးရာ ၊ ပြောင်းချောသေနတ်အရှည်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ကျည်မျိုးစုံ ၆၀-နီးပါး၊ အရိုးအသွား၆လက်မရှိ ဓါးတစ်လက်၊ ငွေကျပ်၁၄-သိန်းတို့ကို သိမ်းဆည်းရမိကြောင်း ဘောနက်ကြီး အမြန်လမ်းရဲစခန်းမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး  ဘောနက်ကြီးအမြန်လမ်းရဲစခန်းမှ ယင်းအမျိုးသားကို လက်နက်ပုဒ်မ၁၉(စ)၊ သွင်းကုန်ထုတ်ကုန် ဥပဒေတို့ဖြင့် အမှု့ဖွင့်စစ်ဆေးနေကြောင်းသိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 29 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅