Jun 25, 2019
Main menu

နိုင်ငံရေး သတင်းများ

လျှင်စစ်၊စွမ်းအင်နှင့် ပညာရေးဝန်ကြီးဌာနများတွင် ဒုဝန်ကြီးခန့်ပြီ

လျှင်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနများတွင် ဒုတိယ၀န်ကြီးများအား ၂၀၁၆-ခုနှစ် စက်တင်ဘာ၁၂ရက်က စတင် ခန့်တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

Read more...

အင်အားပြင်းငလျင်လှုပ်ခတ်မှု့ကြောင့် တန်ခိုးကြီးဘုရား စေတီပုထိုးများ ပြိုကျပျက်စီး

မြန်မာနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ၂၄-ရက် ညနေ ၅နာရီ ၄မိနစ်၅၅စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံဒေသတွင် စေတီပုထိုး ၁၉၀-ခန့်ပြိုကျပျက်စီးမှု့ ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်း၊မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စေတီပုထိုးများလည်း ပျက်စီးမှု့ ဖြစ်ပေါ်ခဲ့သည်။

Read more...

မြစ်ဆုံဆည်ကိစ္စပူးပေါင်းဖြေရှင်းရန် မြန်မာ-တရုတ် သဘောတူ

မြန်မာအစိုးရက ၂၀၁၁-ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံစီမံကိန်းအတွက် သင့်လျော်ကောင်းမွန်သည့် အဖြေတစ်ခုရှာဖွေရန် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ရရှိခဲ့ကြောင်းသိရသည်။

Read more...

အမည်မည်းစာရင်းမှ လူ ၆၀၀-ကျော်ကိုပယ်ဖျက်ပြီ

ယခင်အစိုးရလက်ထက်က ရှိခဲ့သည့် အမည်မည်းစာရင်းတွင် ထည့်သွင်းခံရသည့်   လူ ၆၀၀-ကျော်ကို အမည်မည်းစာရင်း (Black List)  မှပယ်ဖျက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက သိရသည်။

Read more...

မသင်္ကာဖွယ်ယာဉ်တစ်စီးမှ လက်နက်ခဲယမ်းများနှင့်ငွေ၁၄-သိန်းဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး  ဘုရားကြီးမြို့နယ် ဘောနက်ကြီးကျေးရွာတိုးဂိတ်တွင်  ဇူလိုင်၉-ရက် ည၈နာရီခန့်က မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးမှ လက်နက်ခဲယမ်းများနှင့်ငွေကျပ်-၁၄-သိန်းကို သိမ်းဆည်းရမိကြောင်း သိရသည်။

Read more...

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ လွှတ်တော်နာယက ရှေ့မှောက်တွင် ကတိသစ္စာပြု

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မေလ ၁၈-ရက်က ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more...

မေ ၂၀-တွင် သက်တမ်းကုန်မည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအား အလုံးစုံဖြေလျှော့ပေးရန် မရှိဟုဆို

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရေးယူ ပိတ်ဆို့ထားခြင်းမှာလာမည့် မေ ၂၀ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အခြေမခိုင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးခြင်းတို့ကြောင့်၊ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍတို့ကို ဖြေလျှော့မည်ဖြစ်သော်လည်း ပိတ်ဆို့မှုအလုံးစုံကိုမူ ဖြေလျှော့ပေးရန်မရှိသေးကြောင်း အမေရိကန်အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Read more...

မိုင်းလားတွင် လက်နက်ဂိုဒေါင်ပေါက်ကွဲ၊ ခုနှစ်ဦးသေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့နှင့် နှစ်မိုင်ကျော်အကွာ၊ တရုတ်နယ်စပ်အနီး၊ မိုင်းလားတပ်ဖွဲ့များ တာဝန်ယူထားတဲ့နေရာတွင် မေ ၇ ရက်က လက်နက်ခဲယမ်းသိုလှောင်သည့် ဂိုဒေါင်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

Read more...

မြန်မာ-ဖိလစ်ပိုင် သဘောတူညီချက်ငါးခု လက်မှတ်ရေးထိုးမည်

၂၀၁၃-ခုနှစ် ဒီဇင်ဘာလ ၄ရက်က စတင်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင် ခရီးစဉ်အတွင်း မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် သဘောတူညီချက် ငါးခုကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။ 

Read more...

မြန်မာ-ဘင်္ဂလားဒေ့ရှ်ံနယ်စပ်လုံခြုံရေးအစည်း အဝေး ပထမဆုံးအကြိမ်အဖြစ် မောင်တောတွင်ကျင်းပ၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျုးလွန်နေမှုများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းေ၇းကိစ္စများဆွေးနွေးခဲ့

နယ်စပ်လုံခြုံရေးကို နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌါနချုပ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှုးရုံးမှ တာဝန်ယူပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အရာရှိများ အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ (၄) ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် မောင်တောမြို့ ကုန်သည်များအသင်းပိုင် ဒေ၀ါနဒီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Read more...

twitter youtube vimeo

We have 40 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅