Apr 18, 2019
Main menu

နိုင်ငံရေး သတင်းများ

မြန်မာ-ရုရှား သမ္မတတို့တွေ့ဆုံ ဒေသတွင်းအခြေအနေများဆွေးနွေး

မြန်မာ-ရုရှား သမ္မတတို့တွေ့ဆုံ ဒေသတွင်းအခြေအနေများဆွေးနွေး

နှစ် (၂၀) ပြည့် အာဆီယံ-ရုရှားဆွေးနွေးဖက် ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှုားနိုင်ငံ ဆူချီမြို့တွင် မေ ၁၉ ရက်က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-ရုရှားကုန်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ နိုင်ငံခြားကုန်သွယ်ရေးဘဏ်နှင့် ရုရှားနိုင်ငံရှိဘဏ်များနှင့် ချိတ်ဆက်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် နှစ်နိုင်င်ငံ လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

အလားတူ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှပ်နှံရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအနေဖြင့် မော်စကိုနှင့် ရန်ကုန်လေကြောင်း ၀န်ဆောင်မှုများ ပြန်လည်စတင်ရေး၊ စက်မှုကဏ္ဍအနေဖြင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် မကြာမီဖွင့်လှစ်မည့် ရှမ်းပြည်နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံအတွက် နည်းပညာဆိုင်ရာ အကူအညီများပေးအပ်ရေး၊ စွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီအနေဖြင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

ထို့အတူ ပညာရေးကဏ္ဍအနေဖြင့် နှစ်နိုင်ငံအကြား ဘာသာရပ်ဆိုင်ရာသင်တန်းများ အပြန်အလှန်ပေးအပ်ရေး၊ ယခင်ပေးခဲ့သည့် နည်းပညာနှင့်ဘာသာရပ်ဆိုင်ရာ ပညာသင်ဆုများ ဆက်လက်ပေးအပ်ရေး၊ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် အာဆီယံ-ရုရှားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 24 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅