Feb 16, 2019
Main menu

နိုင်ငံရေး သတင်းများ

ပဋိပက္ခများဖြစ်ပွါးပြီးနောက် ဆင်တက်မော်ဒုက္ခသည်စခန်းမှ ဒုက္ခများသည်များ ငှက်ချောင်းဒုက္ခသည်စခန်းသို့ ပြောင်းရွေ့

ပဋိပက္ခများဖြစ်ပွါးပြီးနောက် ဆင်တက်မော်ဒုက္ခသည်စခန်းမှ ဒုက္ခများသည်များ ငှက်ချောင်းဒုက္ခသည်စခန်းသို့ ပြောင်းရွေ့

ပဋိပက္ခများဖြစ်ပွါးပြီးနောက် ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ငှက်ချောင်း ဒုက္ခသည်စခန်းသို့ နိုဝင်ဘာလ (၉) ရက်နေ့နှင့် (၁၁)ရက်နေ့ထိ ဒုက္ခသည်ပေါင်း (၁၀၀၀)ကျော်ကို ရခိုင်ပြည်နယ်အစိုးရ အစီစဉ်ဖြင့်ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း ပေါက်တော မြို့ခံတစ်ဦးက ပြောကြားသည်။ 

လွန်ခဲ့သည့် မေလအတွင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မဟာစင်မုန်တိုင်းကြောင့် အစိုးရ၏ ပြောင်းရွှေ့နေရာချထားမှုကို လက်မခံဘဲ မိမိသဘောဆန္ဒအတိုင်း ဆက်တက်မော် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာကြသည့် ငှက်ချောင်းဒုက္ခသည်များကြောင့် ယခုလ (၂) ရက်နေ့က ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ တိုင်းရင်းသားအမျိုးသမီးများမှာ မြစ်ကမ်းစပ်သို့ ဂုံးရှာသွားစဉ် ဘင်္ဂလီများ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွါးပြီးခဲ့ရာ ဆက်တက်မော်ဒုက္ခသည်များမှာလည်း ငှက်ချောင်းမှ ဒုက္ခသည်များကို လက်မခံကြတော့ကြောင်း သိရသည်။

ဲစနေနေ့ကနေ စတင်ပြောင်းရွှေ့နေတာပါ။ နောက်ဆုံး ပြောင်းရွှေ့သွားတဲ့သူတွေရဲ့စာရင်းကိုတော့ အတိအကျ မရသေးပါဘူး။ ဆင်တက်မော် ဒုက္ခသည်စခန်းက ဘင်္ဂလီတွေကလည်း ငှက်ချောင်းက ဘင်္ဂလီတွေကို လက်မခံ ကြတော့ပါဘူး။ဲဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြိုင်ကလည်း အတည်ပြုပြောကြားသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 38 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅