Aug 18, 2019
Main menu

နိုင်ငံရေး သတင်းများ

အစ္စလာမ်မစ်အဖွဲ့ အိုအိုင်စီမြန်မာနိုင်ငံကို လာရောက်ပါက ဆန္ဒထုတ်ဖော်မှုများပြုလုပ်သွားမည်

အစ္စလာမ်မစ်အဖွဲ့ အိုအိုင်စီမြန်မာနိုင်ငံကို လာရောက်ပါက ဆန္ဒထုတ်ဖော်မှုများပြုလုပ်သွားမည်

ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့ အိုအိုင်စီ(OIC)မှာ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လာရောက်မည်ဟု သတင်းများထွက်ပေါ်ပြီး အဆိုပါအဖွဲ့ ၀င်ရောက်လာပါက ဆန္ဒထုတ်ဖော်မှုများကို ရခိုင်ဒေသအသီးသီးရှိ မြို့နယ်များနှင့် ရန်ကုန်မြို့တွင်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

အိုအိုင်စီအဖွဲ့မှာ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။ဲအိုအိုင်စီအဖွဲ့က အစ္စလာမ်မစ် နိုင်ငံတွေဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ ဘင်္ဂလီတွေအတွက် အခွင့်အရေးတွေကိုသာ ရှေးတန်းတင်ပြောတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဒေသတွင်းပြသနာကို သက်ဆိုင်ရာ အစိုးရကပဲ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ တခြားဘယ်နိုင်ငံ၊ ဘယ်အသင်းအဖွဲ့ကမှ ဖိအားပေးစေခိုင်းလို့မရပါဘူး။ဲဟု ရခိုင်ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုကြောင့် ဦးစွာပထမ ဒုက္ခကြုံတွေ့ခဲ့ရသည့် မောင်တော နယ်စပ်ဒေသရှိ တိုင်းရင်းသားဒုက္ခသည်များအား နိုင်ငံတကာမှ ဧည့်သည်များနှင့် ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ် စားလှယ် မစ္စတာကင်တားနားမှာလည်း မောင်တောနယ်စပ်ရှိ ဒုက္ခသည်များကို လျစ်လျူရှု့ထားကြောင်း၊ ဒုက္ခရောက် သူများအပေါ် ခွဲခြားမှုမရှိဘဲ ကူညီထောက်ပံ့မည်ဆိုပါက ရခိုင်ပြည်နယ်သို့ လာရောက်သည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များမှာ မောင်တောနယ်စပ်ရှိ ဒုက္ခသည်များကိုလည်း လာရောက်ကူညီစောင့်ရှောက်ပေးသင့်ကြောင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသတွင်း LNGOs အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့်နှစ်ကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံးခွဲဖွင့်လှစ်မည်ကို ဒေသခံများက ဆန္ဒထုတ်ဖော်ကန့်ကွက်မှုများရှိခဲ့ပြီး ရုံးခွဲဖွင့်လှစ်မည့် အစီစဉ်မှာလည်း ပျက်သွားကြောင်း သိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 36 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅