Aug 18, 2019
Main menu

နိုင်ငံရေး သတင်းများ

မောင်တောနယ်စပ်မှ တဖက်နိုင်ငံသို့ တရားဝင်နယ်စပ်ဖြတ်ကျော်သွားလာသူများ တရားမ၀င်လမ်းကြောင်းမှ ၀င်လာပါက Black List စာရင်းသွင်းကာ အရေးခြင်းခံရမည်

မောင်တောနယ်စပ်မှ တဖက်နိုင်ငံသို့ တရားဝင်နယ်စပ်ဖြတ်ကျော်သွားလာသူများ တရားမ၀င်လမ်းကြောင်းမှ ၀င်လာပါက Black List စာရင်းသွင်းကာ အရေးခြင်းခံရမည်

 မောင်တော၊ နိုဝင်ဘာ (၁၂) ရက်

မောင်တောနယ်စပ်မှ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်ဗီဇာများဖြင့် နယ်စပ်ဖြတ်ကျော်သွားလာသူများကို မောင်တောအမှတ်(၁) အ၀င်/အထွက်စခန်းမှ သွားလာခွင့်ပြုထားရာ တရားဝင်ထွက်သွားပြီး ၀င်/ထွက်စခန်းမှ ပြန်လည် ၀င်ရောက်ခြင်း မဟုတ်ဘဲ အခြားလမ်းကြောင်းမှ ၀င်ရောက်လာပါက စုံစမ်းစစ်ဆေးကာ Blick List စာရင်းသွင်းပြီး အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း လ၀ကအရာရှိတစ်ဦးက ပြောကြားသည်။

မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို မြန်မာဖက်မှ ခြောက်ညအိပ် ခုနစ်ရက်ဗီဇာဖြင့် သွားလာခွင့်ပြုထားပြီး တဖက်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို နှစ်ညအိပ် သုံးရက်ခွင့်ပြု ပေးထားကြောင်း ဆက်လက်ပြောကြားသည်။

နယ်စပ်ဖြတ်ကျော်သွားလာခွင့် တရားဝင်ခွင့်ပြုထားသည့် ဂိတ်ပေါက်မှ တရားဝင်ထွက်သွားပြီး ပြန်လာချိန်တွင် တရားဝင်လမ်းကြောင်းအတိုင်း ၀င်လာခြင်းမဟုတ်ဘဲ တခြားလမ်းကြောင်းမှ ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက Blick List စာရင်းသွင်းကာ တဖက်နိုင်ငံသို့ သွားလာခွင့်ကို တစ်နှစ်ပိတ်မည်ဖြစ်ပြီး ယင်းဖြစ်စဉ်မျိုးဆက်လက် ကျူးလွန်ပါက အထက်သို့တင်ပြကာ ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 38 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅