Jun 25, 2019
Main menu

နိုင်ငံရေး သတင်းများ

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများနေရာချထားရေးအတွက် လိုအပ်ပါက ဒေသန္တရအမိန့်ထုတ်ပေးမည်

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများနေရာချထားရေးအတွက် လိုအပ်ပါက ဒေသန္တရအမိန့်ထုတ်ပေးမည်

မြေပုံ၊စက်တင်ဘာ(၂၂)ရက်။ ။ ယနေ့စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုတော့ မည့် မြေပုံမြို့နယ်မှဘင်္ဂါလီများ မှာ နိုင်ငံသားဖြစ်ခွင့်ရရှိ ပြီး နေရာချထားရေးအတွက် လိုအပ်ပါက ဒေသန္တရအမိန့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဌ ဦးလှသိန်းက ပြောကြားသည်။

 

“ဘင်္ဂါလီတွေ ဥပဒေအရ နိုင်ငံသားဖြစ်သွားပြီဆိုတော့ ဒီလူတွေကို သွားချင်တဲ့နေရာသွားခွင့်ပြုမလား။ သွားချင်ရာ သွားခွင့်ပြု မလားဆိုတာကတော့ ရခိုင်အုပ်စုထဲ ဒီလူတွေသွားလို့ မရဘူး။ ရခိုင်တွေကလည်း သူတို့အုပ်စုထဲဝင်လို့မှမရတာ။ လတ်တလောအနေအထားတွေအရ ဒီလိုရှိပါတယ်။ တကယ်လို့ သွားလို့လာ လို့ ပြဿလာနာဖြစ်ရင်တော့ ဒီအမိန့်ကို ထုတ်မှာပေါ့”ဟု ဦးလှသိန်းက ပြောကြားသည်။

ရပ်ရွာတည်ထောင်ကာ နေအိမ်များတည်ဆောက်ပေးရမည်ဖြစ်သော်လည်း လတ်တလောအခြေအနေတွင် ဘင်္ဂါလီများမှနိုင်ငံသား ဖြစ်ခွင့်ရသူများနှင့်နိုင်ငံ သားပြုခွင့်ရ သူများကို နိုင်ငံသားအခွင့်အရေးအရ နိုင်ငံသားဖြစ်ခွင့် ရလာသူတို့နှင့် ရခိုင်တိုင်းရင်းသားတို့၏ အခြေအနေမှာ အတူယှဉ်တွဲနေထိုင်၍မရနိုင်သေးသည့် အနေအထားတွင် ရှိနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ပေးရန် စဉ်းစားထားရခြင်းဖြစ်ကြောင်းဆိုသည်။

မြေပုံမြို့နယ်တွင်ရှိသည့် ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဘင်္ဂါလီဦးရေ သုံးထောင်ကျော် အနက် နိုင်ငံသားစိစစ်ခွင့်ပြုရန် လျှောက်လွှာတင်သည့် ဘင်္ဂါလီ တစ်ထောင် ကျော်ကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်နိုင်ငံသားစိစစ်ရေးအဖွဲ့များက စစ်ဆေးခဲ့ရာ ဗဟိုစိစစ်ရေးအဖွဲ့၏ စိစစ် အတည်ပြုချက်အရ (၄၀)ဦးမှာ နိုင်ငံသားဖြစ်ခွင့်ရရှိပြီး (၂၀၉)ဦးမှာ နိုင်ငံသားပြုခွင့်ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့်ရရှိသူနှင့် နိုင်ငံသားပြုခွင့်ရရှိကြမည့် ဘင်္ဂါလီများကို မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် ဆက်လက်ထားရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် မည်သို့နေရာချထားပေးမည်ကို မြို့ခံများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားသည်။

အောင်စေသော် (Reflection)

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 41 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅