Apr 18, 2019
Main menu

နိုင်ငံရေး သတင်းများ

ပြည်နယ်ဝန်ကြီးပေးပို့လှူဒါန်းသော ဆန်အိတ်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များအဖွဲ့မှ ကြေညာချက်ထုတ်ပြန်

ပြည်နယ်ဝန်ကြီးပေးပို့လှူဒါန်းသော ဆန်အိတ်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များအဖွဲ့မှ ကြေညာချက်ထုတ်ပြန်

မောင်တော၊ ဇွန် (၁၉)။ ။ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဘုန်းတော်ကြီးကျောင်းများကို ပေးပို့လှူဒါန်းသော ဆန်အိတ်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များအဖွဲ့မှ အချက်(၉) ချက်ပါ ကြေညာချက်တစ်စောင်ကို ဇွန်လ (၁၇)ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်နယ်ဝန်ကြီးမှ ပေးပို့လှူဒါန်းသည့် ဆန်အိတ်များမှာ ယူအန်(UN)မှ ထောက်ပံ့ ထောက်ပံ့ ပေးထားသော ဆန်အိတ်များဖြစ်သည်ဟု သတင်းများထွက်ပေါ်နေမှုကို ဆရာတော်များမှ မေးမြန်းသောအခါ ၄င်းဆန်အိတ်များ၏ မူလအလှူရှင်ကို တိကျရှင်းလင်းသော အဖြေပေးနိုင်ခြင်းမရှိဘဲ ၀ယ်ယူသည့်နေရာကိုသာ ဖေါ်ပြရှင်းလင်းခဲ့ကြောင်း၊ ဘူးသီးတောင်မြို့ ပေါ်ရှိသံဃာတော်များအနေဖြင့် UN, INGO နှင့် OIC အဖွဲ့များသည် နိုင်ငံတော်နှင့် ရခိုင်ပြည်သူများအတွက် ကောင်းသော အကျိုးဆက်မရရှိစေပဲ မဟုတ်မှန်သော သတင်းများထုတ်ပြန်၍ သိက္ခာချစော်ကားခြင်း၊ တရားမျှတမှုမရှိ ဘက်လိုက်ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူများအကျိုးစီးပွားနစ်နာသည့်အပြင် ဘင်္ဂလီတို့ အကျိုးစီးပွားကိုသာ တစိုက်မတ်မတ် ဆောင်ရွက်နေဆဲ ဖြစ်ခြင်းတို့ကြောင့် ရဟန်းရှင်လူအားလုံးတို့က လုံးဝအလိုမရှိကြောင်း ကန့်ကွက်ထားခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ၀န်ကြီး၏ သက်တမ်းတလျှောက် လုပ်ဆောင်ချက်များတွင် ဘင်္ဂလီများနှင့် တရင်းတနှီး ပတ်သက် လွန်းခြင်း ကြောင့် ယခုဆောင်ရွက်ချက်တွင်လည်း နောက်ကွယ်မှ ဘင်္ဂလီတို့၏ အထောက်အပံ့များပါရှိနေသည်ဟု သံသယကြီးစွာဖြစ်မိ ကြောင်း၊ ထို့ကြောင့် ဘူးသီးတောင်မြို့လုံးဆိုင်ရာ သံဃာတော်များအနေဖြင့် ထိုသံသယများကို ရှင်းလင်းစွာဖြေဖျက်နိုင်ခြင်းမရှိသ၍၊ ဘာသာရေးနှင့် အမျိုးသားယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် ဘင်္ဂလီများနှင့် ဆက်စပ်ပတ်သက်နေသ၍ ၀န်ကြီး ပေးပို့သော ဆန်အိတ်များနှင့် အခြားသောလှူဒါန်းမှုများကိုလုံးဝ လက်ခံမည် မဟုတ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ကြေညာချက်၏ နောက်ဆုံးအပိုဒ်တွင် ယခု ထုတ်ပြန်ကြေငြာချက်သည် ဘူးသီးတောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များ အနေဖြင့်သာထုတ်ပြန် ကြေငြာခြင်းဖြစ်ပြီး၊ အခြားလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့်ဆက်စပ် ပတ်သက်မှု မရှိကြောင်းဖော်ပြထားသည်။

အောင်စေသော် (RNA)

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 29 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅