Jun 25, 2019
Main menu

နိုင်ငံရေး သတင်းများ

ကိုယ်စားလှယ်များ သိရှိရန်ပြန်ကြားချက်အားရှင်းလင်းသည့် သတင်းထုတ်ပြန်

ကိုယ်စားလှယ်များ သိရှိရန်ပြန်ကြားချက်အားရှင်းလင်းသည့်  သတင်းထုတ်ပြန်

၂၀၁၆-ခုနှဝ်ဇူလိုင်၂၂-ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သိရှိရန် ပြန်ကြားချက်အား   ရှင်းလင်းသည့် သတင်းကို ဇူလိုင်၂၆-ရက်က ပြည်သူ့လွှတ်တော်ရုံးမှ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းပြန်ကြားချက်မှာ ကိုယ်စားလှယ်များ၏ အခွင့်အရေးဆုံးရှုံးစေရန် တဖြည်းဖြည်း ကျပ်တည်းလာစေရန် ဗဟိုဦးစီးစနစ်ဆန်ဆန် ထုတ်ပြန်ခဲ့ခြင်း   မဟုတ်ဟုဆိုသည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်ဆံမှု့အပေါ် ထိန်းချုပ်ခြင်းလည်း  မဟုတ်ဟုဆိုသည်။ မိမိတို့၏ နိုင်ငံသား မူလအခွင့်အရေးအရ ကျန်းမာရေး၊ မိသားစုအရေး ၊အလည်အပတ်စသည် ကိုယ်ရေးကိုယ်တာ ခရီးစဉ်များကို လွတ်လပ်စွာ စီစဉ်ဆောင်ရွက်ခွင့်ရှိသည်ဟုဆိုသည်။

 

လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ ၊ လွှတ်တော်ကဖွဲ့စည်းထားသော  ကော်မတီဝင်အနေဖြင့်ဖြစ်စေ၊  လွှတ်တော်၏အဆောင်အယောင်၊ လွှတ်တော်အမည်ကို အသုံးပြု၍  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို  မိမိဘာသာချိတ်ဆက်ပြီး  လွှတ်တော်ရေးရာ ကော်မတီဆောင်များတွင် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းနှင့်  ပြည်ပခရီးစဉ်များကိုလည်း အမည်နာမတပ်၍ ဖိတ်ကြားခိုင်းခြင်းများမပြုရန်ဖြစ်သည်ဟုဆိုသည်။

 

ယင်းပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် လွှတ်တော်ရေးရာကော်မတီဆောင်များတွင်  တွေ့ဆုံခြင်းကိုလည်း တားမြစ်ပိတ်ပင်ခြင်းမရှိပါ။ ဖိတ်ကြားသည့်အဖွဲ့အစည်း၊  ဖိတ်ကြားခံရသည့်ကိုယ်စားနှင့် ကော်မတီတို့က ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြလာပါက ခွင့်ပြုပေးလျှက်ရှိသည်ဟုဆိုသည်။


လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဖြစ်စေ လွှတ်တော်ရေးရာကော်မတီဝင်အနေဖြင့်ဖြစ်စေ မိမိတို့ သဘောနှင့် မိမိတွေ့ဆုံပြီး၊ မိမိဆန္ဒသဘောထားများကို  မိမိဘာသာဆွေးနွေးခြင်း၊ သဘောထားမှတ်ချက် ပေးခြင်းတို့မှာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ မဟုတ်၍လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းတို့ကို ဆိုလိုခြင်းဖြစ်သည်ဟုဆိုသည်။


“၀န်ထမ်းဆိုရင် ဌာနချုပ်က ၅-မိုင်အကွာသွားရင် Movment orderခါင့်ပြုမိန့်ယူပြီးမှ သွားခွင့် ပြုပါတယ်။  ဘယ်အအဖွဲ့မှာမဆို  လိုက်နာစောင့်ထိန်းရတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။မလုပ်ခဲ့ဘူးသူ၊ မသိတဲ့သူတွေကတော့ ဒီလိုညွှန်ကြားချက်ကို ထိန်းချုပ်ကန့်သတ်တယ်လို့ ထင်နိုင်ပါတယ်။ဒါဟာ စည်းကမ်းပါ။” ဟု  အရာထမ်းအဆင့်ဖြင့် လုပ်သက်ပြည့် ပင်စင်ယူထားသည့်  ဦးငြိမ်းမောင်က ပြောကြားသည်။

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 40 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅