Feb 16, 2019
Main menu

နိုင်ငံရေး သတင်းများ

လွှတ်တော်ကိုယ်စားလှယ်များအား စည်းကမ်းချက်များထုတ်ပြန်

လွှတ်တော်ကိုယ်စားလှယ်များအား စည်းကမ်းချက်များထုတ်ပြန်

ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအား   စည်းကမ်းချက်များ  လိုက်နာဆောင်ရွက်ရန် အတွက်  ၂၀၁၆-ခုနှစ် ဇူလိုင်၂၂-ရက်က   ပြည်သူ့လွှတ်တော်ရုံးမှ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

ယင်းစည်းကမ်းသတ်မှတ်ချက်များတွင် INGOs , NGOs နှင့် CSOs စသည့် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများက အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးများ၊ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ မပျက်မကွက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဟုဆိုသည်။

 

ထိုသို့တက်ရောက်ရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများအနေဖြင့်လည်း မိမိတို့ထံ တစ်ဦးချင်းဖြစ်စေ၊ ကော်မတီခေါင်းစဉ်ဖြင့််ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားသည့် အဖွဲ့အစည်းများအား  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ လိပ်မူပြီး ဖိတ်ကြားပေးစေလိုကြောင်း ပြန်လည်ပြောကြားပေးရမည်ဟုဆိုသည်။


ထို့အပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအရာရှိများသည် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ အတွင်းသို့ ၀င်/ထွက် ခြင်းမပြုကြရန်တို့ကို သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Rate this item
(0 votes)
back to top

twitter youtube vimeo

We have 23 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅