အိမ်အကူအလုပ်သမားခေါ်ယူလိုသည့် စင်ကာပူနှင့် ဟောင်ကောင်တို့အတွက် Demand Letter အသစ်များကို ခေတ္တဆိုင်းငံ့ထားဟုဆို
ဇူလိုင်-၂၂။ ။ အိမ်တွင်းအထောက်အကူအလုပ်သမားခေါ်ယူလိုသည့် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့အတွက် Demand Letter အသစ်များကို ခေတ္တဆိုင်းငံ့ထားကြောင်း ဇူလိုင်၂၁-ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော် အစည်းအဝေးက သိရသည်။
“လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်တို့အပေါ် လေ့လာဆန်းစစ်သုံးသပ်၍ အိမ်တွင်းအထောက်အကူအလုပ်သမားခေါ်ယူလိုသည့် စင်ကာပူ နိုင်ငံနှင့် ဟောင်ကောင်တို့အတွက် Demand Letter အသစ်များကို ခေတ္တဆိုင်းငံ့ထားပါကြောင်း၊ “အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားသည်။