Aug 18, 2019
Main menu

နိုင်ငံရေး သတင်းများ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် တရုတ်သမ္မတကြီးထံ နိုင်ငံရေးအဖွဲ့များက အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် တရုတ်သမ္မတကြီးထံ နိုင်ငံရေးအဖွဲ့များက အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံရှိ နိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်ထံသို့ ၂၀၁၆-ခုနှစ် သြဂုတ်လ၁၈-ရက်တွင်   အိတ်ဖွင့်စာပေးပို့ခဲ့ကြောင်း ၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကသိရသည်။

အဆိုပါစာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သမိုင်းစဉ်ဆက် လက်တွဲကျင့်သုံး အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံများဖြစ်ပါသည်။ အနာဂတ်၌လည်း နှစ်နိုင်ငံစလုံးက ဤအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားရန်လည်း ကျွန်ုပ်တို့မှ လိုလိုလားလား ထက်ထက်သန်သန် အားပေးထောက်ခံသွားမည်ဟုဆိုသည်။
သို့သော် အစဉ်အလာကောင်းကို အနာဂတ်၌လည်း လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ဆုံဆည်ကိစ္စသည် မလိုလားအပ်သော အဟန့်အတားတစ်ရပ် ဖြစ်လာနိုင်သည်ကို ကျွန်ုပ်တို့မှ လေးလေးနက်နက်စိုးရိမ်ပူပန်လျှက်ရှိပါသည်။ ဧရာဝတီမြစ်ကြီးသည် ပြည်ထောင်စုသားအားလုံးတို့၏ နှလုံးသား၌ မိခင်ဧရာဝတီဟု တင်စားလောက်ရအောင် တန်ဖိုးမဖြတ်နိုင်သည့် မဟာမြစ်ကြီးဖြစ်၍ မိခင်ကြီးဧရာဝတီအပေါ် တစ်စုံတစ်ရာထိခိုက်နိုင်ခြေကိုပင် ကျွန်ုပ်တို့သည် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် ထပ်တူထပ်မျှ လက်မခံနိုင်သည်ကို လေးစားစွာအသိပေးအပ်သည်ဟု ဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြီး စတင်ပြင်ဆင်သည်မှ ယနေ့လက်ရှိအချိန်အထိ ပြည်ထောင်စုသားတိုင်းရင်းသားအားလုံး၏ ဆန္ဒသဘောထားအား ကျယ်ကျယ်ပြန့်ပြန့်ရယူခဲ့ခြင်းမရှိခဲ့သည်ကို အလေးအနက်ထား သုံးသပ်မည်ဟုယုံကြည်ပါသည်။ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြီး ဆက်လုပ်ရေးမလုပ်ရေး၏အဖြေသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး လက်ခံနိုင်သောအဖြေဖြစ်ရမည်ဟူသော အခြေခံမူကိုကိုင်စွဲ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖြေရှင်းဆောင်ရွက်သွားလိမ့်မည်ဟုလည်း ကျွန်ုပ်တို့က ယုံကြည်မျှော်လင့်နေသည်ဟုဆိုသည်။သို့မှသာ  နှစ်နိုင်ငံအကြား ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးသည် အနာဂတ်ကာလ၌လည်း ပိုမို၍ ခိုင်မာသည်ထက် ခိုင်မာလာမည်ဟု ကျွန်ုပ်တို့က ယုံကြည်ပါကြောင်းကိုလည်း လေးနက်စွာဖော်ပြသည် ဟုဆိုသည်။
 ထပ်လောင်း၍လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ပြုလုပ်ဆဲ ၊ ပြုလုပ်မည့် စီမံကိန်းကြီးများတွင်လည်း ပြည်သူလူထု၏ ဆန္ဒသဘောင်္ထားကို ထည့်သွင်းစဉ်းစားပေးပါရန်နှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံနေသော တရုတ်စီးပွားရေးလုပ်ငန်းများကိုလည်း ကျင့်ဝတ်နှင့်ညီသော စီးပွားရေးလုပ်ငန်းများ ဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ပေးပါရန် အလေးအနက်ထားမေတ္တာရပ်ခံ တိုက်တွန်းထားကြကြောင်း စသည့်အချက်များ ပါရှိသည်ဟုဆိုသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်ထံကို အိတ်ဖွင့်စာပေးပို့ဖို့ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က စတင်စုစည်းတာပါ။ ကျွန်တော်တို့၁၉၉၀ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်တာပါ။ ကျွန်တော်တို့လို   နိုင်ငံရေး လူမှုရေးအဖွဲ့အစည်း ၇၀ခန့် ပူးပေါင်းပါဝင်ထားတာပါ။ “ဟု ၁၉၉၀ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အတွင်းရေးမှူး ဒေးဗစ်လှမြင့်က ပြောကြားသည်။          

Rate this item
(1 Vote)
back to top

twitter youtube vimeo

We have 54 guests and no members online

RNA ရုံးခန်းနေရာ

အမှတ် ၁၈-B ၊ ၅လွှာ

ပုသိမ်လမ်း၊စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၊ မြန်မာ။

တယ်လီဖုန်း (+၉၅)၉ ၂၅၀ ၁၂၆ ၁၆၅